"မနက်ဖြန်တော့ ကျောင်းပြန်တတ်မှာပါ..
ဖေဖေ လည်းသက်သာနေလောက်ပီ..ဒီနေ့ကတမင်မတက်တော့တာ...ပင်လည်းပင်ပန်းနေတာ..ငါအိပ်ချင်နေပီ.."အဆောင်ကိုရောက်တာနဲ့ နေ့ခင်း ၃နာရီခွဲလောက်မို့ JongDae မရှိဖူး ထင်ထားပေ
မယ့် ကိုယ်ပြန်မလာလို့ သူကလည်း ကျောင်းမတက်ဖူးတဲ့လေ...မနက်ကလည်း Luhan နဲ့ Sehun ကျောင်းရောက်နေလောက်မယ့်အချိန်ကိုမှန်းဆပီး ဘာအတွက်ဘယ်လိုကြောင့် ကျောင်းမလာဖြစ်တယ်ဆိုတာကို ပြောထားပီးသားပဲ...
ဖေဖေနေမကောင်းတာကို အကြောင်းပြုပြီး
ကျောင်းတရက်လောက်လေး ပျက်တာက ဘာမှ
တော့မဖြစ်လောက်ပါဖူးလေ...တော်သေးတာက မနက်က ကိုယ်ပြန်လာချိန်မှာဖေဖေက ထူထူထောင်ထောင်ဖြစ်နေပြီ..တောဘွတ်ကြီး စီးပြီး ခြံထဲဆင်းဖို့ပြင်နေတာကြောင့် ညီ နဲ့အတူ မနည်း ဆွဲထားရသေး...
လူကသာ ယိမ်းယိုင်နေပေမယ့် စိတ်ဓာတ်က ခိုင်မာတဲ့ ဖေဖေပါလေ...
သူနေကောင်းတယ်..အတင်းငြင်းဆိုပြီး ခေါင်းမာနေပုံကတော့ မိသားစု အကုန် လက်မြှောက်ပေးရတယ်...
မနက်စာ စားပြီးကတည်းက ဖေဖေအစား စိုက်ခင်းတွေကိုရေလောင်း ပေါင်းပင်တွေကိုနုတ်ပြီး မြေဩဇာတွေလိုက်ကျွေးရတာအတွက်ကြောင့်ရော....ကားကို ဖင်ခါး ညောင်းတောင့်
အောင် ထိုင်ပြီး စီးလာရတဲ့အတွက်ကြောင့်ရော..လူက မလှုပ်ချင်တော့အောင် နှုန်းနေလေသည်...
ကိုယ့်စိတ်နဲ့ကိုယ်ဆို မွေ့ရာပေါ်မှာ ဝုန်းကနဲ ပစ်လှဲပလိုက်ချင်ပေမယ့် မနက်ဖြန်ကျောင်းတက်ရမယ်ဆိုတဲ့အတွက်ရယ် ညနေစောင်းကိုအိပ်ပစ်လိုက်ရင် ဖျားနာမှာဆိုးတာကြောင့် အိပ်ချင်နေတဲ့
မျက်လုံးကို အသာပြူးရင်သာ အိမ်မပြန်ခင် အခန်းထောင့်နားက ခြင်းထဲထည့်ထားတဲ့လျှော်စရာ အဝတ်အစား အကြွေးတွေကို လျှော်ဖို့သာ ဟန်ပြင်နေမိတယ်အဝတ်တွေကိုစက်ထဲသာပစ်ထည့်လိုက်ရင်းဘာများလုပ်စရာရှိအုံးမလဲတွေးနေချိန်ပင်ပိုက်ဆံအိတ်ကိုခါးကြားထိုးပီး အပြင်ထွက်ရန်ပြင်ဆင်နေသော JongDae...
YOU ARE READING
BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)
Romanceလေရူးတိုက်တဲ့နွေဦး... သစ်ရွက်မကြွေသောလမ်းပေါ်မှာ မင်းကိုစတွေ့ခဲ့ တာ ကောင်လေး...~ March/15 Cv By - Bernal_XianB လရေူးတိုကျတဲ့နှဦေး... သစ်ရွက်မကြွေသောလမ်းပေါ်မှာ မင်းကိုစတွေ့ခဲ့ တာ ကောင်လေး...~ March/15 Cv By - Bernal_XianB