2⃣

11.5K 1.2K 64
                                    

Unicode

စာကျက်သံသဲ့သဲ့ကြားနေရသလို အိပ်မက်ယောင်ခေါ်နေသလိုလို...

နာရီကြည့်တော့ 5.33 Am...

6.00 Am တိတိမှာ ထမြည်လာမယ့် နာရီသံပတ်ကို
ပိတ်လိုက်ပီး ခုတင်ပေါ်ခြေထောက်ချထိုင်လိုက်တယ်...

အအိပ်ကဆက်တယ်လည်းမဟုတ်...တစ်ရေးဆို
တာ ညမိုးချုပ်အိပ်သည်ကစ မနက်မိုးလင်းနိုးသည်
အထိပဲ...သူများတွေလို တစ်ရေးဆိုတာ ညလယ်ခေါင် ကြောင်တောင်တောင်နိုးလာတာမျိုးမဟုတ်
ပေ...

နိုးလာပီဆိုတာနဲ့ ပြန်မအိပ်တတ်တော့တာကလည်း
သူ့သေရာပါမယ့်အကျင့်..

ခုတင်ကနေ အထက်တစ်ဝက် အောက်တစ်ဝက်လျှောကျနေပီဖြစ်သော စောင်ခပ်ပါးပါးလေးကို
ယူကာ ကျကျနနခေါက်ပီး ခုတင်ခြေရင်းနားခပ်
ရွရွလေးတင်ထားလိုက်မိ၏..

မျက်နှာ နဖူးပေါ်သို့ကျလာသောဆံစတစ်ချို့ကို
လှန်တင်လိုက်ရင်း မျက်လုံးကိုပါတစ်ပြိုင်နက်
ပွတ်လိုက်မိတယ်...

သမ်းချင်လာသောခံစားချက်ကြောင့် လက်ဖဝါး
နှင့်အုပ်လိုက်မိပီး သမ်းမိတော့ မျက်လုံးကမျက်ရည်တစ်ချို့ပါစိမ့်ထွက်လာတယ်..

အလင်းရောင်ခပ်မှုန်မှုန်သာ ဖြန့်ကျဲပေးနေသော
ပြတင်းပေါက်သို့မျက်လုံးကရောက်သွား စဉ် မှန်
နှင့်ကာထားသော ပြတင်းပေါက် စီသို့ သွားကာ အပြင်ကိုကြည့်မိတယ်...

နွေဦး..တောင်ရိပ်တွေကြား.....ခပ်ဖျော့ဖျော့မြူတွေက နေရာတိုင်းမှာကွက်တိကွက်ကျား...

သိပ်မလင်းသော အလင်းရောင်အောက် ပန်းနုသွေး
နေသော နွေဦးရဲ့ အလှပဂေးလေးများ အစီအရီ
ဝေဆာ နေ၏...

"လှလိုက်တာ...ချယ်ရီတွေ..."

စာရွတ်သံလိုထပ်မံကြားလိုက်ရ၍ အောက်ထပ်က
အထက်တန်းကျောင်းသား ကျတော့်ရဲ့တစ်ဦးတည်းသော ညီလေး Byun HaeChan တစ်ယောက် စာကျက်နေပီကိုသိလိုက်ပီ...

ဒီစာကျက်သံကြောင့်ပဲနှိုးလာတာ..
သူ့အိပ်ခန်းနဲ့ ကျတော့်အိပ်ခန်းက အပေါ်အောက်
တည့်တည့်ကိုး...

အိပ်မရမယ့် အတူ ရေချိုးပီးခြံထဲဆင်းတာပဲကောင်းမယ်...

"ဖေဖေ..."

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Où les histoires vivent. Découvrez maintenant