1⃣0⃣

9.5K 1.1K 298
                                    


Unicode

"မနက်ဖြန် Practical လစ်မယ်ကွာ....
ပီးတော့..Pre Test က နောက်နှစ်ရက်မှဆိုတော့..."

ဘေးနားတွင် ထိုင်နေသော JongDae က Timetable ကိုကြည့်ရင်း မနက်ဖြန်အတွက် ကြို
တင်အစီအစဉ်ဆွဲနေ၏..

ရောက်ရာပေါက်ရာလျှောက်လာရင်း ကိုယ့်စာသင်
ဆောင်ရဲ့ဆန့်ကျင်ဖက်လားရာမှာရှိတဲ့ Kim JongDae တို့အဆောင်ဖက်ကိုရောက်လာတယ်တဲ့လေ...ရောက်လာမှတော့ မထူးပါဖူးလေဆိုပြီး
Dae ကိုဖုန်းခေါ်တော့ သူလည်း အရမ်းကို စာကိုအရစ်ရှည်ရှည် သင်တတ်သော ပါမောက္ခ
အချိန်ကို မတက်ဖူးတဲ့လေ...
အဲ့တာနဲ့အဆောင်ရှေ့ကသစ်ပင်ရိပ်မြက်ခင်းပေါ်မှာနှစ်ယောက်သား ကျောပိုးအိတ်ကို
ခေါင်းအုံးလို့...

JongDae က ကျတော့်ကို ပြောတာလည်းမဟုတ်
သူ့ကိုယ်သူ ပြောနေတဲ့ဟန်မျိုးနဲ့ ပွစိပွစိပြောနေ၏...အင်းလေ....သူက စကားမပြောရ..မနေနိုင်
တဲ့သူမဟုတ်လား...

"ဒါနဲ့ Baekhyun..."

ဟော..ကျတော်ဖက်လှည့်လာပီ...

"အင်း..."

များများစားစား လည်းမပြောချင်...ကိုယ့်အတွေးနဲ့
ကိုယ်အခုထိ စိတ်ကျဉ်းကျပ်နေတုန်း...

"မင်း ငါ့အဆောင်ကိုလာတာ ပထမနှစ်တုန်းက ရယ် အခုရယ်....ဒါနဲ့ဆိုနှစ်ခါများလားလို့... အခုကဘာစိတ်ပေါက်ပီး ရောက်လာတာလဲ..."

မင်းငါ့အဆောင်ဘာလို့လာတာလဲ မေးလိုက်ရင်
တစ်ခွန်းတည်း...ဘာလို့ အဲ့လောက်တောင် ရှည်လျားထွေပြားတဲ့မေးခွန်းနဲ့....လူကပုသလောက်
စကားအဖြတ်အတောက်မလုပ်တတ်တဲ့ လူသား...

"ဟင့်အင်း..."

"ဘာကို ဟင့်အင်းတာလဲ..."

"ငါလည်းမသိဖူးလို့..."

"ငါ့ကို လွမ်းလို့မလား...သူငယ်ချင်း.."

ပြုံးစိစိ ဖားပြုံးပြုံးပြီး ကျတော့်ကို မေးလာသော
JongDae ကြောင့် စိတ်ညစ်နေတာတောင်
အနည်ထိုင်ချင်သွားတယ်...

ဘာမှပြန်မဖြေပဲ ခေါင်းငြိမ့်မိလိုက်လေသည်...

JongDae က မျက်လုံးတွေပိတ်ကျသွားသည်
အထိပြုံးပြီး ကျတော့် လက်မောင်းကို ဖစ်ညှစ်
လာလေ၏...

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Where stories live. Discover now