9⃣

9.9K 1.1K 171
                                    

Unicode

"ကိုကြီး...ဟာ..အဲ့ ယိုဗူးကိုချ..."

အဖုံးပွင့်နေပီးသား စတော်ဘယ်ရီယိုဗူးထဲ
သို့ ဇွန်းထည့်ခပ်ဖို့ပြင်နေသော မွေးချင်းထဲတွင်
အကြီးဆုံးဖြစ်လေသည့် အစ်ကိုအရင်း Suho
Hyung တုန်တက်သွားသည်အထိ အသံနက်နက်ကြီးနဲ့ အထိတ်တလန့် အော်လိုက်မိသည်...

"ကိုလတ်...ဘာဖစ်တာလဲဗျာ...လန့်ပြီးဖုန်းတောင်
လွှတ်ချမိလိုက်တော့မလို့.."

ဇွန်းကိုင်ထားသူ ကိုကြီးသည်လည်း ထမင်းစားပွဲပေါ်တွင် ဖုန်းသုံးစွဲနေသူ အငယ်ဆုံး Jongin ရဲ့
စကားနောက်ကို သံယောင်လိုက်လာ၏..
"အေးလေ" တဲ့...

"ဟူးး..အဲ့ဇွန်းကိုဘေးချလိုက်ပါဗျာ...
အဲ့ ကလေးကို ကျတော့်ပေး...."

ကြားကြားသမျှ အူကြောင်ကြောင်ဖြစ်သွားစေပါသော နေအိမ်တွင် အလတ်ဖြစ်သူ Park Chanyeol ရဲ့စကားကြောင့် Suho ဆိုတာ ဘေးပတ်လည်ကိုဝေ့ဝှိုက်ကြည့်နေရင်း...
အငယ်ဆုံးဖြစ်သလို ဘူဇွာဆန်သော Jongin ကတော့ Park Chanyeol ဆိုသူ အနှီလူထူးဆန်း အားဘုကြည့်ကြည့်တော့၏..

သူတို့ မနက်စာစားရန်ပြင်ဆင်နေရာ မီးဖိုချောင် ထမင်းစားပွဲနားတွင် ကလေးနှင့်တူတယ်ဆိုတာအရိပ်ပင်မရှိပါသော်လည်း...

"Chanyeol...ဘယ်က ကလေးလည်း..."

မေးသော ကိုကြီး၏စကားကို ကျတော်ပြန်မဖြေဖို့
အချိန်မရှိပါချေ...ဇွန်းကိုင်ထားသော ကိုကြီးရဲ့
လက်ကြောင့် ခပ်မြန်မြန်ပင် ထမင်းစားပွဲပေါ်တွင်
တင်ထားသော ယိုဗူးလေးကိုခပ်မြန်မြန်ဆွဲယူလိုက်
ရင်း အဖုံးကိုပါတင်းကျပ်စွာတစ်ခါတည်းပိတ်ပစ်
လိုက်ရတယ်...

စားပွဲခုံပေါ်တွင်ပင် ကူရာမဲ့နေသော ဖဲကြိုးပန်းရောင်လေးကိုပါ လျှစ်ကနဲဆွဲယူလိုက်ရင်း ရင်ခွင်ထဲ ဇွတ်ပိုက်လိုက်မိတယ်...

"ဒီဟာလေးကိုတော့ချမ်းသာပေးပါ... ကိုကြီးတို့ရာ..."

လေသံပျော့ပျော့လေးနှင့်ပြောတော့ ထိုအနှီညီအစ်ကိုနှစ်ယောက်က ကျတော့်ကို ထူးထူးဆန်းဆန်း မျက်လုံးများနှင့်ကြည့်တော့၏...

မသိရင် သူတို့ရှေ့က ကျတော်က ရူးကြောင်ကြောင်မူးကြောင်ကြောင်ဖြစ်နေသလိုမျိုး...

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Where stories live. Discover now