3⃣

9.2K 1.1K 122
                                    

Unicode

ကျတော့်၏ နောက်ကျောဖက် ကို လာရောက်ထိခတ်နေသော လေအေးငွေ့တွေကြောင့်
နားရွက်ဖျားတွေမှစ အေးစက်နေပီဆိုတာ ကိုသိလိုက်ရသည်...

Air Fresher မှ ခပ်သင်းသင်းသံပုရာအနံ့နှင့်အတူ
အချို့သော ရေစက်ကဲ့သို့စိုစိစိ အထိအတွေ့လေး
များက ကျတော့်၏ ကုတ်ပိုးကို လာရောက်ထိတွေ့
နေသလိုမျိုးခံစားနေရပေမယ့် ခပ်တောင့်တောင့်
ကျောမတ်ထိုင်နေသည်ကိုမရွေ့ရဲ...
သာမန်ဆို ကျတော် လေကွယ်ရာကိုပြောင်းထိုင်
မိမှာ...ကံကြမ္မာ က ပြောင်းရွေ့ဖို့ကျတော့်ဖက်
မရှိလေ...

သက်တောင့်သက်သာမဖြစ်မှုတို့က ကျတော့်
ပတ်ဝန်းကျင်တစ်ခုလုံးကို စိုးမိုးနေလေသည်..

ကုတ်ပိုးသားကို မထိတထိလာထိနေသော လေအေးပေးစက်မှ လေတို့ကိုလည်း မကာနိုင်...

ကိုယ့်ကို အားကိုးတကြီးကိုခေါ်လာပီး ပစ်ပစ်ခါခါ
ထားရစ်ခဲ့သူကြီးအားလည်း မေတ္တာမပို့နိုင်...

ကိုယ့်အပြစ်နှင့်ကိုယ်ပါလေ...

အပြင်ကပြန်လာပီး အခန်းထဲမှာ အဝတ် လဲနေတယ်ဆိုတဲ့ Suho Sam ကို ဘယ်လိုမျက်နှာ
နှင့် ဘယ်လိုအကြောင်းအရာ ကို အစီအငေါ်တည့်
အောင် ဆင်ခြင်ပေးရမလဲဆိုတာကို တောင့်တောင့်
ကြီးထိုင်ကာစဉ်းစားနေမိတယ်...

"အင့်...စတော်ဘယ်ရီဖျော်ရည်...နွေဦးမှာလာတဲ့
ဧည့်သည်အတွက်တော့ကံကောင်းတာပဲ..."

ဖန်ခွက်နှင့် ဖန်သားစားပွဲခုံတို့ ထိခတ်သွားသော်
လည်း အသံထွက်မလာ... ဆက်ကနဲ စတော်ဘယ်ရီဖျော်ရည်ဖန်ခွက် သယ်ဆောင်လာသူကို မော့
ကြည့်လိုက်မိတယ်...

ကျတော့်ကိုအိမ်ထဲခေါ်သွင်းလာတဲ့..လူကြီး...

ဧည့်သည်ဆိုလို့ ကျတော်က သည်အိမ်ကို လာလည်တဲ့ဧည့်သည်မှမဟုတ်ပဲ...ကျတော်
ကိုယ်တိုင်က ဒီအိမ်ပိုင်ရှင်လူတွေနဲ့ သိကျွမ်းခြင်း
လည်းမရှိသလို အစိမ်းသက်သက်...

ချွင်းချက်အားဖြင့် Suho Sam...
ဒါတောင် ကျောင်းခန်းထဲ သူ လိုက်ချာချိန်မှာအတန်းတက်တဲ့ ကျောင်းသားပေါင်း ငါးဆယ်
လောက်တည်းက ကျတော့်ကိုမှတ်မိပ့မလား..
မှတ်မိသည်ပဲထားပါ...မျက်မှန်းတန်းရုံလောက်သာဖြစ်မှာ....အဲ့လိုတပည့်မျိုးက ဆရာ့အိမ်ကို
လိုက်လာတာဆိုတော့ ဘာအကြောင်းပြချက်သည်
သင့်တော်မည်လည်း...

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Donde viven las historias. Descúbrelo ahora