8⃣

9.1K 1.1K 189
                                    

Unicode

မဟော်ဂနီရောင်ပြောင်လက်လက်တံခါးကို ဖွင့်ရန်
တံခါးတွင်တပ်ဆင်ထားသော လျှို့ဝှက်နံပါတ်
သော့နံပါတ်များကို နှိပ်ရန်သူလက်လှမ်းလိုက်ချိန်မှာပင်ကျတော် ကြမ်းပြင်ကိုသာ ငုပ်လျှိုးပီးကြည့်နေမိလေသည်...

သူများရဲ့ Privacy မို့ ကျတော်ကြည့်မနေသင့်
ဖူးလို့ထင်မိသလို...မတော်လို့ ဒီလူ့ အိမ်များ ဖောက်ထွင်းခံရလျှင် ကျတော့်က သူ့အိမ်လျှို့ဝှက်
နံပါတ်ကိုသိပါတယ်ဆိုပြီး...

"ဝင်လေ...ဟိုကောင်ကလေး.."

အတွေးတောင်အဆုံးထိမတွေးလိုက်ရပါပဲ သူ့ခေါ်သံကြောင့် ကျတော့်အတွေးတွေ တိကနဲ...

အိမ်ထဲရောက်တော့ အလိုအလျောက်ပွင့်လာသော
မီးကြောင့် မှောင်နေသော သူခေါ်ဆောင်လာရာ
အခန်းကျယ်ကြီးသည် လင်းထိန်သွားတော့၏..

သူကတော့ သူ့ကွင်းထိုးဖိနပ်ကို သာသာယာယာ
အသာ ချွတ်သွားပီး အိမ်တွင်းစီးဖိနပ်ကိုစီးကာ
အထဲဝင်သွားလေ၏..

ကျတော်လည်း ခြေထောက်နှစ်ဖက်ကိုအသာပွတ်ကာဟိုစီး ဒီစီး ကျောင်းသွားလည်းစီး
ဟိုနားဒီနားသွားလည်းစီးသော သက်တမ်း ကြာပီဖြစ်တဲ့ ရှူးဖိနပ် အစုတ်လေးကိုလျင်မြန်စွာ
ချွတ်လိုက်ပီး ဝင်သွားရှာပီဖြစ်သော အိမ်ကြီးရှင်
ရဲ့နောက်ကိုအမြန် မှီအောင်လိုက်ရရှာတယ်...

အနျူမြူမီးအရောင်မဟုတ်ပဲ နီယွန်မီးအရောင်မို့
မျက်လုံးကျိန်းခြင်းမရှိပဲ ဘယ်လိုပြောရမလဲ...
ခမ်းနားချမ်းသာတယ်ဆိုတဲ့အရောင်တွေကသမ်းနေလေရဲ...ရွှေရောင်ဆန်တယ်...

ကျတော့်ရဲ့ Hoodie အမည်းအောက်ကတစ်ပိုင်း
တစ်စထွက်နေတဲ့ လက်ချောင်းတွေတောင် ဝါလင်း
လင်းရွှေရောင်တောက်နေလေ၏..

ဘေးချင်းကပ်တိုက်က JongDae နဲ့ ကျတော်ပြောင်းလာသောအဆောင်ခန်းလေး နှင့် ဘယ်အရာမှမတူစွာ...

ဖြတ်လျှောက်ဘာသော လမ်းတစ်လျှောက်တွင်
ချောကလက်ရောင်အရွယ်အစားခပ်ကြီးကြီးSofa ခုံ set လိုက်ကြီးရယ်...35လက်မလို့ မျက်လုံးအ
မြင်ဖြင့်သာ ကြည့်ပီးသတ်မှတ်လိုက်တဲ့ တီဗီကြီး
ရယ်...ဧည့်ခန်းက ဘာလို့အဲ့လောက်ကြီးကျယ်......

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Where stories live. Discover now