1⃣

26.1K 1.5K 110
                                    

Unicode

"နည်းနည်းလောက်...အင့်.."

ကျောင်းသွားချိန် နှင့် ရုံးသွားချိန်တိုက်ဆိုင်နေသော
အချိန်သမယသည် လူတွေဆိုတာ ဘတ်စ်ပေါ်မှာ
စည်သွပ်ဗူးထဲထည့်သိပ်နေသလိုမျိုး...

မှတ်တိုင်မကျော်ခင် ဘတ်စ်ကားရဲ့အပေါက်ဝရောက်ဖို့ဆိုတာ..
ဟို အချစ်သီချင်းတွေထဲကလို မင်းနဲ့နီးဖို့ ဓားတောင်ကိုကျော်တက် မီးပင်လယ်ဖျတ်ဆိုသလိုမျိုး
တောင်ဖြစ်နေရော...

"အို..ဘယ်လိုဖစ်လို့ တက်နင်းနေတာလဲ..!"

ငူငူစူစူထွက်လာသော မိန်းမတစ်ယောက်ရဲ့အသံ
ဘယ်နားကလည်းကြည့်မနေနိုင်...ရှာလည်းမတွေ့
နိုင်...

ဟိုဖက်တိုးလိုက် ဒီဖက်တိုးလိုက် လိမ်ဖယ်လိမ်ဖယ်
နဲ့ အပေါက်ဝနားတော့ရောက်လာပါလေရဲ့..

ကျွီ...

ကားဘရိတ်ဆောင့်အုပ်လိုက်တော့ ပြည့်ကျပ်ညှပ်နေသော လူအုပ်ကြီးဟာ အင့်ကနဲ ကားအရှေ့ဖက်
ကိုရွေ့သွားတယ်ထင်လိုက်ရတယ်...

ကျတော်ကတော့ ကားတံခါးအပေါက်ဝနားကတိုင်
ကြီးကို ကျတော့်ချစ်သူအမှတ်ဖြင့်ဖက်တွယ်ထား
လိုက်မိတယ်...

ဟူးးးးးးး...

ကားပေါ်ကနေ ဆင်းပြီး ကမ္ဘာမြေပထဝီမြေကြီးနဲ့
ထိမှာသာ ဆယ်သက်လောက်ပြန်နုလာတယ်..

အိမ်က မေ မီးပူတိုက်ပေးထားသော တီရှပ်ဒ်အဝါ
လေးမှာလည်း ထွန့်ထွန့်ကြေမွလို့...

အနည်းငယ်ဆွဲဆန့်ပြီး အသက်နဲ့လုကာ ရင်ခွင်ထဲ
ထည့် ကာကွယ်ထားခဲ့ရတဲ့ ကျောပိုးအိတ်လေးကို
ဘယ်ဖက်ပခုံးပေါ်သို့ လွှဲပြောင်းယူရင်း ကျောင်း
တော်ကြီးဆီသို့...

ဘတ်စ်ကားကြပ်ခြင်း ကတော့ကျတော့်တို့နိုင်ငံရဲ့
အခြေခံလူတန်းစားတွေရဲ့ပြယုဒ်ဖြစ်လေရဲ့...

ကိုယ်ပိုင်ကားစီးနိုင်သူ 90% ရှိတဲ့အနက် ကျတော်
တို့မိသားစုမပါ...

ဖေဖေ့မှာတော့ လိုက်ထရပ်ဒ် အသေးစားလေးရှိ
တယ်...စိုက်ခင်းက ဟင်းသီးဟင်းနှံတွေကို
ဒုံဒယ်မွန်းဈေးကိုပို့တဲ့အခါမှာသုံးတယ်...

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Tempat cerita menjadi hidup. Temukan sekarang