1⃣5⃣

9.3K 963 124
                                    

Unicode

မနက်ခင်းရဲ့ နေရောင်ခြည်ဦး ဖျော့ဖျော့လေး
လွှမ်းလာတဲ့အချိန် ပြတင်းပေါက်ကို ဖွင့်ကာ
လေကို တဝကြီးရှုချလိုက်မိ၏..

အေးစိမ့်သွားတဲ့ ခံစားမှုလေးက အသက်ရှု လမ်း
ကြောင်းတဆင့်ကနေ အဆုတ်ထဲထိကို အေးမြ
လန်းဆန်းသွား၏..

ကျီကျီ ကျာကျာ ငှက်အသံလေးတွေကဟိုး
တောင်ပေါ်မှ ပဲ့တင်သံ ကဲ့သို့ နားထောင်လို့ကောင်း
လှ၏...

ထိုငှက်ကလေးများကို ငယ်ငယ်က တွေ့ချင်လို့
ဖေဖေ့ကိုရှာခိုင်းဖူးတယ်...

ထူးဆန်းတာက ထိုငှက်ကလေးတွေက လူတွေနဲ့
နီးတဲ့နေရာမှာ မနေဖူးတဲ့...

ဟိုးတောင်ပေါ်ကနေပဲ နေထွက်လာတဲ့အချိန်ကျ
ရင် အသံပေးရင်း လူတွေကို ထချိန်ရောက်ပီဆို
ပြီး အသိပေးရှာတယ်...

မြူတွေဘယ်လောက်ထူထူ ဖုံးအုပ်နေပါစေအုံး နေမင်းကတော့ မရရအောင်ထိုးဖောက်ရင်း ပြတင်းပေါက်ဘောင်ပေါ် တင်ထားသော လက်ဖမိုးပေါ်သို့ ခပ်နွေးနွေးထိတွေ့စေသည်...

နေရောင်ကျနေရာဆီသို့ လက်နှစ်ဖက်လုံးကို ဆန့်
ထုတ်လိုက်ရင်း လက်နှစ်ဖက် အချင်းချင်းပွတ်
တိုက်လိုက်မိ၏...

"နွေးလိုက်တာ.....ကောင်းသောမနက်ခင်း
လေးဖြစ်ပါစေ..."

ကိုယ့်အတွက်ရော လောကကြီးကိုရော မျက်စိ
မှိတ်က ဆုမွန် ကောင်း တောင်းပေးမိတယ်...

လေတချက်ဝေ့တိုက်ရင် မျက်စိရှေ့ကမြင်နေရတဲ့
ချယ်ရီပန်းတွေ တပွေ့တသီနဲ့ ချယ်ရီပင်အကိုင်း အချို့ဟာယိမ်းကနဲ...ပွင့်ဖက်အချို့တလေတွေကတော့ လေလမ်းကြောင်း ထဲမှာ လွင့်မျှောနေရင်း
ဆုတောင်းစကားပြန်ပြောနေသယောင်...

Seoul မြို့တွင်းနဲ့ တောင်ပေါ်မတူတာဒီအချက်ပဲ
လေ...

အဆောင်မှာဆို ပြတင်းပေါက်မရှိ၍ ပြင်ပပတ်ဝန်း
ကျင်ကိုမမြင်ရပေ...ပြတင်းပေါက်ရှိရင်တောင်..
ကြည့်စရာပတ်ဝန်းကျင်သည် အဆောင် အဆောက်အဦးရှေ့မှ Parking တွင် ထိုးရပ်ထား
သော ကားများ စက်ဘီးများ ဆိုင်ကယ်များသာ ရှိ
မည်ဖြစ်၍ ကြည့်ဖွယ်ရှုဖွယ် ရှိမနေပါ...

BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)Where stories live. Discover now