Unicode
"Byun Baekhyun....အသိ...ကပ်.."
ဘေစင်ကကျလာတဲ့ရေများဖြင့် မျက်နှာကို
တပျက်ပျက်ရိုက်လိုက်တော့ အေးစက်သော
ခံစားချက်ကြောင့် နားထင်ကြောများပါတောင့်
ကနဲ...မှန်မှာကြည့်နေရင်း ရုပ်ကိုကြည့်မိတော့ပြုံးနေ
၏...မျက်နှာက နီရဲနေရာမှ ပန်းရောင်သမ်းနေပြီ..ကျတော်ရူးသွားပြီလား...
မနက်က....
ကျောင်းပြေးတဲ့ Kim Jongdae ကြောင့်ပဲလား
တိုက်ဆိုင်တာ လား...ရေစက်လား မသိတော့ ပါဖူး..."ကျောင်းမသွားချင်ဖူး...မနေ့ကတည်းက ကျောင်း
ပြေးမယ် စီစဉ်ထားပြီးသား..မင်းကိုလည်း ကြို
ပြောထားတယ်လေ..."အိပ်ရာထဲမှာ မိန်းမပျင်းခြေဆင်း ယောကျ်ား
ပျင်း ကျောခင်း ဆိုလား ဘာလားရှိတယ်လေ
အဲ့လို...ဟုတ်တယ်မလား...Jongdae ပျင်း ကျောခင်း လို့ပဲပြောရမလား..
ပက်လက်လှန်လဲှနေရင်း ကျောင်းသွားဖို့ကုန်ကုန်
ပြင်ဆင်ပြီးနေတဲ့ ကျတော့်မှအားမနာပါချေ...စောင်များ အထွေးလိုက်နှင့်ရှုံတွနေသော အိပ်ရာ
ထပ်တွင် ဆန့်ဆန့်ကြီး..."ဘယ်တုန်းကလဲ...မင်းမပြောပါဘူး..."
ကျတော့်ဦးနှောက်က ဉာဏ်အကောင်းကြီးမဟုတ်
ပေမယ့် တော်ရုံမမေ့တတ်ပါ...မနေ့က မှတ်ဉာဏ်ထဲမှာ...Jongdae မနက်ဖြန်
အပျင်းတင့်မယ် မပြောသလို...ဒီ အခန်း အဆောင်ထဲမှ သူ့ခြေရာ အရိပ်များသာ
ကျတော် မှတ်မိမြင်ယောင်မိပါ၏...ဖျတ်ကနဲ ပြုံးမိတော့မလို ဖြစ်ပြီးမှ ဘရိတ်အုပ်
လိုက်ရ၏..ဒီအခြေအနေမှာ ကျတော်ပြုံးလို့မဖြစ်
ဖူးလေ...JongDae နဲ့ ခုလို ထုပ်စီးထိုးနေတဲ့အချိန်
မျိူးမှာပေါ့..."မင်းငါ့အဆောင်နားကိုလာတုန်းက...မြက်ခင်း
ပေါ်မှာလှဲရင်းပြောတာ...""Dae ရာ...မင်းကြိုပြောတာပြန်ရောက်တုန်းက
ကျ ငါ့ကို သေချာမပြောပဲနဲ့...""Pretest ရှိတဲ့နေ့မှပဲသွားမယ်လို့..
ငါသေချာပြောတာ...မင်းဘာသာမင်း စိတ်က
တနေရာ လူကဒီနေရာ ဖြစ်နေရင်တော့ မမှတ်မိ
တာဖြစ်နိုင်တယ်.."
YOU ARE READING
BoyFriend Material ||CHANBAEK|| (Zawgyi+Unicode)
Romanceလေရူးတိုက်တဲ့နွေဦး... သစ်ရွက်မကြွေသောလမ်းပေါ်မှာ မင်းကိုစတွေ့ခဲ့ တာ ကောင်လေး...~ March/15 Cv By - Bernal_XianB လရေူးတိုကျတဲ့နှဦေး... သစ်ရွက်မကြွေသောလမ်းပေါ်မှာ မင်းကိုစတွေ့ခဲ့ တာ ကောင်လေး...~ March/15 Cv By - Bernal_XianB