Nobody Is Perfect
Part.3
Kit's POV
ကျွန်တော်လှမ်းကြည့်လိုက်တော့ Phanaနဲ့Forthက Mingအနားကိုသွားနေတယ်...Phanaက လက်သီးနဲ့ဆင့်ဆင့်ပီး Mingကိုထိုးလိုက်တယ်...Forthကလည်း ထိုနည်းလည်းကောင်းပဲ... Mingဘာလို့ပြန်မချတာလဲဆိုတာ ကျွန်တော်သိချင်နေမိတယ်...သူက မွေထိုင်းမှာရော တိုက်ကွမ်ဒိုမှာရော အနိုင်ရထားတာလေ... သူ့ကိုကြည့်ရတာ ပြန်မချချင်တဲ့ပုံပဲ...Phana နဲ့ Forthထိုးသမျှကို ငြိမ်ခံနေတယ်လေ...ခုတော့သူ့မျက်နှာတခုလုံးမှာ သွေးတွေကြီးပဲ... သူ့မျက်လုံးတွေလည်း ယောင်ကိုင်းနေပီ...မျက်ခုံးလည်းကွဲပီး သွေးတွေထွက်နေတယ်...နှာခေါင်းမှာလည်းသွေးတွေ...နှုတ်ခမ်းမှာရော သွေးစတွေနဲ့...Phana ထိုးလိုက်လို့လဲကျသွားပီး ခုံစောင်းနဲ့ စောင့်မိထားတဲ့ခေါင်းကလည်းကွဲပီး သွေးတွေထွက်နေတယ်...သူ့ကို ကြည့်ရတာ အချိန်မရွေးသေသွားနိုင်တဲ့ပုံပဲ...
#Wayo : "P'Phaကျေးဇူးပြုပီး ရပ်လိုက်ပါတော့..."
Wayoကငိုရင်း Phaကိုတားလိုက်တယ်...Mingကသူ့ရဲ့ အချစ်ရဆုံးသူငယ်ချင်းလေ...ခုလိုဖစ်နေတာကိုသူဘယ်မြင်ချင်ပါ့မလဲ...
ကျွန်တော်လည်းဆက်ကြည့်မနေနိုင်တော့ပဲ Mingဆီကို ပြေးသွားလိုက်တယ်...Phana နဲ့ Forthတို့ထိုးနေရာကရပ်လိုက်ဖို့ Mingကိုကျွန်တော်ဖက်ထားလိုက်မိတယ်...သူတို့ကလည်း ကျွန်တော့်ကို စိုက်ကျိနေကြတယ်...
#Kit : "Pha ကျေးဇူးပြုပီးရပ်လိုက်ပါတော့ကွာ...ရပ်လိုက်ပါတော့... မဟုတ်ရင်သူသေသွားလိမ့်မယ်..."
ကျွန်တော်Mingကိုဖက်ထားရင်း ပြောလိုက်မိတယ်...
ကျွန်တော်Mingကိုကြည့်လိုက်တော့ သူ့မျက်လုံးတွေက ပိတ်နေတယ်...သူ့ခန္ဓာကိုယ်ကိုလှုပ်ပီး နှိုးလိုက်ပေမဲ့ ဘာတုန့်ပြန်သံမှ မကြားခဲ့ရဘူး...
#Kit : "Ming ထတော့လေ...ထတော့နော်... ကျေးဇူးပြုပြီး ထပါတော့... ငါ့ကိုလန့်အောင်မလုပ်ပါနဲ့Mingရယ်"
ကျွန်တော် Phanaနဲ့ Forthကိုလှမ်းကြည့်လိုက်တယ်...
Forth က Mingကိုပွေ့ချီပီးထွက်သွားတော့တယ်...ကျွန်တော်လည်း အပေါ်အကျီင်္ထပ်ဝတ်ပီး Mingကိုဆေးရုံပို့ဖို့ သူတို့နဲ့အတူ လိုက်သွားလိုက်တယ်...
#Kit : "ခနလေးပဲတောင့်ခံထားနော် Ming...နော်..."
ခေါင်းကသွေးထွက်တာနှေးသွားအောင် ကျွန်တော်သူ့ခေါင်းကိုလက်နဲ့ ဖိထားပေးလိုက်တယ်...ခုသူ့ရဲ့ခေါင်းက ကျွန်တော့်ရဲ့ပေါင်ပေါ်မှာလေ...
ကျွန်တော့်ရဲ့ခံစားချက်ကို ကျွန်တော်ထပ်ရှုံးပြန်ပီ..ကျွန်တော်သူ့ကို မုန်းနေပေမဲ့...ကျွန်တော်သူ့ကို ချစ်မိနေတုန်းပဲ...
ဆရာဝန်ထွက်လာမဲ့အချိန်ကို စိတ်လှုပ်ရှားစွာနဲ့စောင့်နေမိတယ်... စစ်ဆေးနေတာက ဘာလို့ဒီလောက်တောင်ကြာနေရတာလည်း... တခြားသူတွေကြည့်ရတာလည်း စိတ်ပူနေတဲ့ပုံပဲ...အထူးသဖြင့်Wayo Phanaကတော့Wayoကိုဖက်ပီး တောင်းပန်နေလေရဲ့...
#Doctor : "MingKwanမိသားစု..."
Mingနာမည်ကိုကြားကြားချင်းပဲ ကျွန်တော်ဆရာဝန်ဆီ ပြေးသွားလိုက်မိတယ်...
#Kit : "ကျွန်တော်ပါ...သူအဆင်ပြေရဲ့လားဟင်..."
ကျွန်တော်အလောသုံးဆယ်မေးလိုက်မိတယ်...
သူ့အခြေအနေက ခုတော့တည်ငြိမ်သွားပါပီ...ဒါပေမဲ့သူ့ရဲ့ ဘယ်ဘက်မျက်လုံးကတော့ သက်သာလာဖို့် အချိန်ယူရဦးမယ်...သူ့ရဲ့ ဘယ်ဘက်လက်လည်းကျိုးသွားတယ်...ပီးတော့သူအတိတ်လည်း မေ့သွားနိုင်တယ်...ကျွန်တော်ခေါင်းညိတ်ပြရင်း ခုံမှာထိုင်ချလိုက်တယ်.. Mingကသူလုပ်ခဲ့တဲ့ကိစ္စတွေကို မေ့သွားမယ်ပေါ့...ဘယ်လောက် ကောင်းလိုက်တဲ့ကိစ္စလဲ...ကျွန်တော်မျက်နှာကို လက်နဲ့အုပ်ပီး အသက်ပြင်းပြင်းရှူလိုက်မိတယ်...
ပီးတာနဲ့ကျွန်တော်မတ်တပ်ထရပ်ပီး တခြားသူတွေနဲ့အတူ Mingအခန်းကိုသွားခဲ့တယ်...အခန်းတံခါးဖွင့်လိုက်တော့ အိပ်ရာပေါ်မှာလှဲနေတဲ့ Mingကိုတွေ့လိုက်ရတယ်...
#Kit : "Ming ဘယ်လိုနေသေးလဲ..."
ကျွန်တော်အခန်းထဲကိုဝင်ရင်း မေးလိုက်တယ်...Wayoကတော့ ပြေးပီး Mingအနားမှာရပ်လိုက်တယ်...
#Ming : "Wayo..."
MingကWayoနာမည်ကိုခေါ်ပီး ပြုံးပြလိုက်တယ်...သူWayoကို မှတ်မိတယ်ဆိုတော့ အတိတ်မမေ့ဘူးပေါ့...
#Ming : "ဒါနဲ့ သူတို့တွေကဘယ်သူတွေလဲ..."
သူ့အမေးကြောင့် ကျွန်တော်တို့လန့်သွားရတယ်...သူကျွန်တော်တို့ကို မမှတ်မိဘူးပေါ့...
#Beam : "ခုနကဆရာဝန်ပြောထားတာ မှတ်မိတယ်မှလားKit... သူအတိတ်မေ့သွားနိုင်တယ်ဆိုတာလေ..."
Beam ကပြောပီး ကျွန်တော့ပုခုံးကိုဖက်လိုက်တယ်...
#Wayo : "Ming...ဒီနေ့နေ့စွဲကဘာလဲ..."
Wayo Mingကိုသေချာအနီးကပ်ကြည့်ရင်းမေးလိုက်တယ်...
#Ming : "ဒီနေ့လား...23 April 2014လေ..."
Mingကပြန်ဖြေပီး Wayoကိုကြည့်လိုက်တယ်...
ကျွန်တော်ငိုချလိုက်ချင်ပေမဲ့ ထိန်းချုပ်ထားလိုက်တယ်...ကျွန်တော်အခု ငိုလို့မဖစ်သေးဘူးလေ...Mingမှကျွန်တော့်ကိုမမှတ်မိသေးတာ....
Crd.venushades98
Trans by Me(#MCopter)
VOUS LISEZ
Nobody Is Perfect
Fanfictionvenushades98 ရဲ့ Nobody's Perfect လေးကို ကြိုးစားပီးTransထားပါတယ်နော်.. Crd.venushades98