Nobody Is Perfect
Part.12
Kit's POV
#Ming : "ကျွန်တော်Pကိုဘယ်လိုခေါ်ရမလဲ... ကျွန်တော်Pကို Lakyimလို့ခေါ်လို့ရမလား...ဘာလို့လဲဆိုတော့Pရဲ့ပါးချိုင့်လေးကို ကျွန်တော်သဘောကျလို့..."
ကျွန်တော် ပျော်ရွှင်ပီးရေခဲမုန့်စားနေတဲ့ Mingကို ကြည့်လိုက်မိတယ်...Lakyim??သူကစကားပြောရင် အမြဲတမ်း ကျွန်တော့်ရဲ့ပါးချိုင့်အကြောင်းကို ထဲ့ပြောတာပဲ...သူကတကယ့်ကိုကျွန်တော့်ရဲ့Mingပဲ... ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်ရဲ့ပါးချိုင့်ကို သဘောကျပါတယ်...
#Kit : "ငါနာမည်ကKitတဲ့...ဒါပေမဲ့ မင်းခေါ်ချင်သလိုခေါ်လို့ရပါတယ်..."
Mingကခေါင်းညိတ်ပြပီး ရေခဲမုန့်ကိုဆက်စားနေတော့တယ်...ကျွန်တော်လည်းပြုံးပီး ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်တယ်...
ကျွန်တော်တို့အခုcompanyရဲ့ ခေါင်မိုးထပ်မှာထိုင်နေကြတာလေ...ကျွန်တော်ကိုယ်တိုင်တောင်သတိမထားမိပဲ သက်ပြင်းချလိုက်မိတယ်...ကျွန်တော်တို့ကျောင်းသားဘဝထဲက Mingကကျွန်တော့်ကို ခေါင်မိုးထပ်ကိုခေါ်လာနေကြလေ...သူဝမ်းနည်းတဲ့အခါတိုင်း ကျွန်တော့်ကိုဖက်ထားခဲ့တာတွေ...ပီးတော့ ကျွန်တော့်ကိုနမ်းဖို့ကြိုးစားခဲ့တာတွေ...ကျွန်တော့်နှလုံးသားကို ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တာတွေ ဒါတွေအကုန်လုံးက ဒီလိုခေါင်မိုးထပ်မှာပဲ ဖစ်ပျက်ခဲ့တာတွေလေ...ပီးတော့ ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ ကျွန်တော်သူ့ကိုချစ်မိသွားခဲ့တာ...
သူGymသွားတဲ့အချိန်တိုင်း ကျွန်တော်သူ့နောက်ကနေ တိတ်တိတ်လေးလိုက်ခဲ့တယ်...ဟုတ်တယ်...ကျွန်တော်က Ming stalker ပဲဆိုပါတော့...သူ့အနားကို တယောက်ယောက်ကကပ်ဖို့ကြိုးစားတိုင်း ကျွန်တော်သဝန်တိုခဲ့ရတယ်...ဒါပေမဲ့ ကျွန်တော်လည်း သူ့ကိုချစ်မိနေပီလို့ ဖွင့်ပြောဖို့ကြတော့ ကျွန်တော်ကြောက်နေမိတယ်...
ကျွန်တော်အဲ့လိုဖွင့်မပြောခဲ့မိတာကို အရမ်းနောင်တရမိတယ်...

YOU ARE READING
Nobody Is Perfect
Fanfictionvenushades98 ရဲ့ Nobody's Perfect လေးကို ကြိုးစားပီးTransထားပါတယ်နော်.. Crd.venushades98