Nobody Is Perfect
Part.7
Ming's POV
#Ming : "P'Kitရေ...လာပါဦး...အား..."
ကျွန်တော်ခေါင်းကရုတ်တရက်ကြီး အရမ်းနာလာတယ်...နာလွန်းလို့ ပေါက်ကွဲထွက်တော့မလိုခံစားနေရတယ်...ကျွန်တော်ခေါင်းကိုလက်နဲ့ ဖြည်းဖြည်းလေးထိကြည့်လိုက်တော့...သွားပီး...သွေးတွေပြန်ထွက်နေတာပဲ...ကျွန်တော်ရေချိုးခန်းကြမ်းပြင်ပေါ် ဖြည်းဖြည်းချင်းထိုင်ချလိုက်ပီး P'Kitကိုဆက်တိုက်အော်ခေါ်နေမိတယ်...
#Kit : "ဘုရားရေ..Ming...မင်းဘာဖစ်တာလဲ..."
P'Kitကကျွန်တော့်လက်မောင်းကိုကိုင်ပီး ဆွဲထူပေးလိုက်တယ်... ကျွန်တော့်ကိုခုတင်ပေါ်မှာထိုင်ခိုင်းပီး သူကတနေရာကိုပြေးသွားတယ်... ပြန်လာတော့လက်ထဲမှာ ဆေးသေတ္တာလေးပါလာတယ်...P'Kitက ကျွန်တော့်ဘေးမှာထိုင်လိုက်ပီး ကျွန်တော့်ခေါင်းကပတ်တီးကို ဖြည်းဖြည်းလေးဖြေလိုက်တယ်...ပီးတော့ ဒဏ်ရာကိုသန့်ရှင်းရေး လုပ်ပေးနေတယ်...ဒဏ်ရာကနာပီးစပ်နေပေမဲ့ P'Kitရဲ့ကျွန်တော့်ကို စိုးရိမ်နေတဲ့မျက်နှာကိုမြင်လိုက်ရတော့ နာနေတာတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့တယ်...
#Kit : "မင်းဘာတွေလုပ်နေတာလဲMingKwan..."ငါမင်းကို ရေနဲ့ရေချိုးခိုင်းတာ သွေးနဲ့ရေချိုးခိုင်းတာမဟုတ်ဘူး... မင်းကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်ဘူးလား...ဘာလို့များ ငါမင်းကိုစိုးရိမ်ရအောင် လုပ်နေရတာလဲ...မင်းအဲ့လိုလုပ်မှကို ဖစ်မှာလား...ငါ့ကိုစိတ်ပူအောင်လုပ်နေတာတွေကိုရပ်တော့..."
ကျွန်တော့်ခေါင်းကိုပတ်တီးအသစ်စည်းပေးရင်း P'Kitကပွစိပွစိ ပြောနေတော့တယ်..."
#Ming : "Pကဘာလို့ကျွန်တော့်ကို အမြဲတမ်းစိုးရိမ်နေတာလဲ..."
Please P'Kit...ကျေးဇူးပြုပီး ကျွန်တော့်ကိုချစ်လို့ဆိုပီး ဖြေပေးပါ... Please...ကျွန်တော်P'Kitရဲ့မျက်လုံးထဲစိုက်ကြည့်လိုက်တယ်...
#Kit : "မင်းက Wayoရဲ့သူငယ်ချင်းလေ...သူစိတ်ပူအောင် ငါမလုပ်ချင်ဘူး...မင်းခုလိုဖစ်နေတာတွေကိုသူသိရင် ငါသေချာဂရုမစိုက်ဘူးဆိုပီး ငါ့ကိုစိတ်ဆိုးနေလိမ့်မယ်...သွား... ရေသွားချိုးလိုက်တော့...ငါအပြင်ကစောင့်နေမယ်...ဒဏ်ရာကို ရေမထိစေနဲ့ဦး..."
P'Kitကပြောပီးတာနဲ့ မတ်တပ်ရပ်ပီးထွက်သွားဖို့ပြင်နေတာကို ကျွန်တော် သူ့လက်ကို လှမ်းဆွဲပီးတားလိုက်တယ်...
#Ming : "P'Kitကျွန်တော့်ကိုရေချိုးဖို့ကူညီပေးပါ...ကျွန်တော့် ခေါင်းကနာနေတုန်းပဲ..."
#Kit : "ကောင်းပီလေ..."
P'Kitဆေးသေတ္တာကိုခုတင်ပေါ်တင်လိုက်ပီး ကျွန်တော့်လက်မောင်းကို တွဲလိုက်တယ်...ကျွန်တော်ရေချိုးခန်းထဲကို ဖြည်းဖြည်းချင်းဝင်လိုက်တယ်...P'Kitကတော့ ရေချိုးခန်းတံခါးကိုပိတ်ပီး ကျွန်တော့်ရဲ့အကျီင်္ကို ချွတ်ပေးနေတယ်... ဒါပေမဲ့ ကျွန်တော့်ရဲ့ဘောင်းဘီကိုတော့မချွတ်ပေးခဲ့ဘူး... P'Kitရေပန်းလှည့်ယူနေတုန်း ကျွန်တော် ဘောင်းဘီကို မြန်မြန်ချွတ်ပစ်လိုက်တယ်...
#Kit : "MingKwan!!!"
ကျွန်တော့်ရဲ့boxerကိုချွတ်လိုက်တာကိုP'Kitမြင်တော့ မျက်စိမှိတ်ပီး ဟိုဘက်လှည့်သွားတော့တယ်...
#Ming : "ဘာဖြစ်လို့လဲ...ဒါကအထူးအဆန်းမှမဟုတ်တာကို... ကျွန်တော့်ကို မြန်မြန်ကူညီပေးပါလား..."
P'Kitမျက်မှောင်ကြုတ်ထားပေမဲ့ ကျွန်တော်ရေချိုးတာကိုတော့ ဆက်ကူညီနေတယ်...P'Kitရဲ့မျက်နှာနီနီလေးက အရမ်းချစ်စရာကောင်းတာပဲ...နှုတ်ခမ်းစူစူလေးတွေကလည်း ကျွန်တော့်ကိုနမ်းချင်စိတ်ပေါက်လာအောင် ဆွဲဆောင်နိုင်လွန်းတယ်... ဒါပေမဲ့ ကိစ္စတွေအားလုံး အဆင်ပြေတဲ့အချိန်အထိ ကျွန်တော်သည်းခံမှရမယ်...
#Kit's mom : "Kit...ခနလောက်လာခဲ့ပါဦး...ဒီမှာ သားကိုတွေ့ချင်တဲ့ဧည့်သည်ရောက်နေတယ်..."
P'Kitကျွန်တော့်ကျောကိုပေါင်ဒါလိမ်းပေးနေတုန်း သူ့မားကလှမ်းခေါ်လိုက်တယ်...
#Kit : "ဟုတ်ကဲ့မား...ခနနေလာခဲ့မယ်နော်...Ming ဒီအကျီင်္ဝတ်လိုက်...ပီးရင် သွားကြရအောင်..."
ကျွန်တော် အကျီင်္ဝတ်လိုက်ပီး P'Kitနဲ့အတူတူ အခန်းပြင်ကို ထွက်ခဲ့လိုက်တယ်...အိမ်ရှေ့ပန်းခြံထဲထိ ကျွန်တော်တို့် လမ်းလျှောက်ခဲ့ကြတယ်...
P'Kitကိုတွေ့ချင်နေတဲ့ဧည့်သည်ကို တွေ့လိုက်ရတော့ ကျွန်တော်သက်ပြင်းချလိုက်မိတယ်...Thirdပဲ...P'Kitက သူ့ရှေ့ကိုပြေးသွားပီး သူ့ကိုခနဖက်လိုက်တယ်... ကျွန်တော်မုန်းလိုက်တာ...ကျွန်တော်တခုခုလုပ်ဖို့တော့ လိုနေပီ... ကျွန်တော်သူတို့ဆီလျှောက်သွားရင်း ခြေချော်ချင်ယောင်ဆောင်ပီး P'Kitဆီကိုယိုင်ကျသွားတော့တယ်...နောက်ဆုံးP'Kitနဲ့ကျွန်တော် မြက်ခင်းပြင်ပေါ်ကို ထပ်လျက်လဲကျသွားတော့တယ်... အကောင်းဆုံးအပိုင်းကတော့ ကျွန်တော့်နှုတ်ခမ်းနဲ့ P'Kitရဲ့နှူတ်ခမ်းအိအိလေးထိမိသွားတာပဲ...ကျွန်တော် အရမ်းလွမ်းနေခဲ့ရတဲ့ P'Kitရဲ့နှုတ်ခမ်းလေး...
#Third : "Kit...မင်းအဆင်ပြေရဲ့လား..."
Thirdကကျွန်တော်တို့ကိုဆွဲထူပီး P'Kitကို ခြေဆုံးခေါင်းဆုံးကြည့်ပီး စစ်နေတော့တယ်...အိုးဟိုး...ငါမင်းကိုတနေ့နေ့တော့ သတ်မိလိမ့်မယ် Third...
#Kit : "ငါအဆင်ပြေပါတယ်...Mingမင်းရော အဆင်ပြေရဲ့လား... ခေါင်းရောနာနေသေးလား..."
P'Kitက Thirdကိုင်ထားတဲ့သူ့ရဲ့လက်ကို ဖြည်းဖြည်းရုန်းလိုက်ပီး ကျွန်တော့်မျက်နှာကို ငြင်ငြင်သာသာလေးကိုင်ရင်း ခေါင်းကိုကြည့်နေတယ်...
#Ming : "ကျွန်တော်အဆင်ပြေပါတယ်P...ခေါင်းလေးနဲနဲမူးနေတာပဲ ရှိတာပါ..."
ကျွန်တော်P'Kitရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကိုကြည့်ပီး ပြုံးပြလိုက်တယ်...Thirdကိုတချက်လှမ်းကြည့်လိုက်တော့ သူ့မျက်နှာအမူရာကမထူးခြားပေမဲ့ လက်သီးကိုတင်းနေအောင် ဆုပ်ထားတာကျွန်တော်တွေ့လိုက်တယ်...ကျွန်တော် သိတာပေါ့... သူကျွန်တော့်ရဲ့Kitကို အရမ်းသဘောကျနေတယ်ဆိုတာ...
ကျွန်တော်သူ့ရဲ့သွေးတွေဆူပွက်အောင်လုပ်ဖို့လိုနေပီ...ကျွန်တော် P'Kitရဲ့ပုခုံးပေါ်ခေါင်းမှီပီး သူ့ကိုဖက်ထားလိုက်တယ်...
#Third : "Kit...ပီးခဲ့တဲ့နှစ်တွေက ငါတို့ပန်းမျိုးစေ့လေးတွေ စိုက်ထားတဲ့နေရာကို မင်းသွားချင်မလားလို့လာမေးတာ...ခုဆို အဲ့ဒီနေရာက ပန်းခင်းကြီးတောင်ဖစ်နေပီ..."
Third ကP'Kitလက်ကိုကိုင်ပီး တတ်တတ်ကြွကြွကို ပြောနေတော့တယ်...
ကောင်းပီလေ...Mr.Third...ခင်ဗျားတော့လူမှားပီး လာရှုပ်မိပီ... ကျွန်တော်ကလွဲပီး P'Kitကိုဘယ်သူမှထိခွင့်မရှိဘူး...ဘာကိစ္စပဲရှိရှိ ကျွန်တော်ပဲP'Kitကိုပိုင်ဆိုင်ရမယ်...တစုံတယောက်ကိုသတ်ရမယ် ဆိုရင်တောင် ကျွန်တော်သတ်ပစ်မှာ...
#Kit : "ဒါပေါ့Third...ငါ..."
#Ming : "P'Kit...ကျွန်တော့်ခေါင်းကနာလာပြန်ပီ..."
ခေါင်းကဒဏ်ရာကသွေးပြန်ထွက်လာအောင် ကျွန်တော်လက်မနဲ့ ဖြည်းဖြည်းချင်းဖိလိုက်တယ်...ကျွန်တော့်ကိုရူးတယ်လို့ပြောလည်း ကျွန်တော်ဂရုမစိုက်ပါဘူး...ကျွန်တော်လိုချင်တဲ့တခုတည်းသောအရာက P'Kitကိုပိုင်ဆိုင်ဖို့ပဲ...
Crd.venushades98
Trans by Me(#MCopter)

YOU ARE READING
Nobody Is Perfect
Fanfictionvenushades98 ရဲ့ Nobody's Perfect လေးကို ကြိုးစားပီးTransထားပါတယ်နော်.. Crd.venushades98