Nobody Is Perfect
Part.16
Kit's POV
#Phana : "မင်း...မင်းငါတို့ကိုဒီတိုင်းထားသွားပီးတော့မှ ပြန်လာရဲသေးတယ်နော်...မင်းဘာပြန်လာလုပ်တာလဲ...ငါ့ကိုပြောစမ်းပါ...ဘာလို့ပြန်လာတာလဲ..."
Phanaကိုကြည့်ရတာအရမ်းစိတ်ဆိုးနေတဲ့ပုံမို့
ကျွန်တော်စကားပြောဖို့ ပါးစပ်တောင် မဟရဲဘူး...#Phana : "မင်းကိုလိုက်ရှာရတာ ဘယ်လောက်ခက်လည်းဆိုတာသိလား...ခုတော့မင်းကဒီတိုင်းပြန်ရောက်လာတယ်...ငါ့မှာမင်းလိုသူငယ်ချင်းမျိုးမရှိဘူး..."
#Wayo : "P'Phaကလည်း ဘာလို့..."
ကျွန်တော့်ကိုကာကွယ်ပြောပေးမဲ့ Wayoကို Phanaကတားလိုက်တယ်...
#Phana : "သူ့သူငယ်ချင်းနာကျဉ်နေတာကိုကြည့်ပီး ငိုနေတဲ့ငါ့ရဲ့ Wayoလေးကိုကြည့်နေရတာ ဘယ်လောက်ခက်ခဲလည်းဆိုတာမင်းသိလား...
Forthနဲ့Beamကလည်း
မင်းပျောက်သွားထဲက Mingကိုစောင့်ရှောက်ခဲ့ကြရတာ...မင်းထွက်သွားတော့ Mingဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာရော မင်းသိလား...ဒါတွေအားလုံးကိုမင်းမသိဘူးမှလား..."Beamက Phanaစိတ်ပြေသွားအောင် ကျောကိုပုတ်ပေးနေတော့တယ်...
ကျွန်တော် Wayoလက်ကိုကိုင်ထားရင်း ခေါင်းငုံ့ပီးကိုယ့်ခြေထောက်ကိုယ်ပဲငုံ့ကြည့်နေမိတယ်... Phanaစိတ်ဆိုးရင်ကြောက်စရာအကောင်းဆုံးမို့ ကျွန်တော်လက်တွေတောင်တုန်နေမိတယ်...
#Phana : "မင်းဘာလို့ငါ့Wayoလေး ရဲ့လက်ကိုကိုင်ထားတာလဲ..."
Phanaပြောပီးပီးချင်းပဲ ကျွန်တော်Wayo လက်ကိုလွှတ်ပေးလိုက်မိတယ်...
#Phana : "ဘာလို့ အဲ့ဒီနားမှာဒီတိုင်းရပ်နေသေးတာလဲ...ငါမင်းကိုဘယ်လောက်သတိရနေတယ်ဆိုတာမသိဘူးလား..."
ကျွန်တော် မျက်ရည်တွေဝဲပီးလှမ်းကြည့်လိုက်တော့ Phanaကပြုံးပြရင်း သူ့လက်တွေကို
ဆန့်တန်းထားတယ်...
YOU ARE READING
Nobody Is Perfect
Fanfictionvenushades98 ရဲ့ Nobody's Perfect လေးကို ကြိုးစားပီးTransထားပါတယ်နော်.. Crd.venushades98