Part.13

2.6K 171 11
                                    

Nobody Is Perfect

Part.13

Beam's POV

Note:Mingကိုသူတို့အိမ်​မှာကKimလို့ပဲ​ခေါ်ကြ​တော့ ဒီ​နေ့အပိုင်းမှာMingကိုKimလို့ပဲသုံးပီး​ရေးပါ့မယ်​​နော်​...

ကျွန်​​တော်​စားပွဲ​ပေါ်ကအစားအ​သောက်​​တွေကိုကြည့်​ရင်း ​တွေး​နေမိတယ်​...Forthက Ice Lemon Tea ​သောက်​​လေ့​သောက်​ထသိပ်​မရှိပဲနဲ့ ဒီ​နေ့​ဖျော်​ထားဖို့ကို တကူးတကမှာ​တော့ ကျွန်​​တော့်​ရဲ့အချစ်​ဆုံးသူငယ်​ချင်းကို သတိရမိသွားတယ်​...သူဘယ်​မှာ​နေ​နေတယ်​ ဘာ​တွေလုပ်​​နေတယ်​ဆိုတာကိုလည်း ကျွန်​​တော်​မသိရဘူး...သူ​ပျော်​ရွှင်​​နေပါ​စေလို့ပဲ ကျွန်​​တော်​​မျှော်​လင့်​မိ​တယ်​...
Kit ငါမင်းကိုအရမ်းသတိရတာပဲ...ကျွန်​​တော်​သက်​ပြင်းချပီး တ​ယောက်​ထဲပြုံးလိုက်​မိတယ်​...

အိမ်​အပြင်​ကကားသံကြား​​တော့ ကျွန်​​တော်​အိမ်​​ရှေ့ကို​ပြေးထွက်​ခဲ့တယ်​...ဒါForthပဲဆိုတာ ကျွန်​တော်​သိတယ်​​လေ...

ကားထဲက​နေ Forthနဲ့ Kimထွက်​လာ​တော့ ကျွန်​​တော်​​တောက်​​တောက်​ပပ​လေးပြုံးပြလိုက်​တယ်​...Kimကကျွန်​​တော့်​ကို​ပြေးဖက်​​တော့တယ်

#Ming@Kim : "P'Beam..."
Kimပြုံး​နေတဲ့ပုံကိုကြည့်​ရတာ ​ပျော်​​နေတဲ့ပုံပဲ...

#Beam : "Kim...အဆင်​​ပြေရဲ့လား..."
ကျွန်​​တော်​သူ့ကို​ခေါင်းစ​ခြေဆုံး​သေချာစစ်​​ဆေး​နေရင်း ​မေးလိုက်​​တော့...​ကျွန်​​တော့်​ကို​ခေါင်းပြန်​ညိတ်​ပြရှာတယ်​..

#Forth : "I Miss U Baby..."

Forthက​ပြောရင်း ကျွန်​​တော့်​ပါးကိုနမ်းလိုက်​တယ်​... ကျွန်​​တော်​လည်းသူ့ပါးကိုပြန်နမ်းလိုက်​တယ်​...ဒါက ကျွန်​​တော်​တို့အတွက်​ အ​လေ့အထလိုအကျင့်​လို ဖစ်​​နေပီ​လေ...

#Beam : "I Miss U Too..."

ကဲအိမ်​ထဲဝင်​ကြရ​အောင်​...Kim​ရေချိုးပီးရင်​ Phanaနဲ့ Wayoကို​စောင့်​ပီး သူတို့လာရင်​ ညစာစားကြတာ​ပေါ့...ကျွန်​​တော်​Kimလက်​ကိုဆွဲပီးအိမ်​ထဲဝင်​ခါနီးမှာ Forthကကျွန်​​တော့်​ကိုတားလိုက်​တယ်​...

Nobody Is PerfectTempat cerita menjadi hidup. Temukan sekarang