ကိုယ်တို့ အတ္တ တွေ အကြောင်းပြောကြည့်ကြမလား ။
မင်းအတွက် သာစေနာစေ သဘောမရှိပေမယ့်
ကိုယ့်အတွက် နာနေရတဲ့ တစ်ဖက်သတ် လိုအပ်မှုတွေ
အကြောင်းတော့ မေ့ထားပေါ့ ။
ကိုယ်စီ ရင်ခုန်ကြတာပေါ့ကွာ ။
မင်းလဲ သူ့ကို ....
ကိုယ်လဲ မင်းကို.....
မင်းဝမ်းနည်းတဲ့အခါ ကိုယ့်ကို ဟားတိုက်ပေါ့။
ပျော်ရင်တော့ သူမ ကို ထွေးပွေ့ထားပေါ့ ။
မင်းပျော်ရင် အရာအားလုံးက တရားပါတယ်
ဟန်နီရယ် ။