<T I G H T>
မင်းနားမလည်နိုင်မယ့် ခံစားချက်တချို့ကို မင်းဆီကို
လိပ်မူပြီး ပို့လိုက်ပါတယ်..
စိတ်လိုလက်ရရှိတဲ့အချိန်တွေမှာ သတိရတယ်လို့
ပြောချင်ကြောင်း
မင်းနှုတ်ခမ်းလေးကို နမ်းချင်ကြောင်း တွေပေါ့..မမြင်ရတဲ့ကြိုးလေးက တိခနဲဆိုသလို
ပြတ်သွားခဲ့တာ..
ခြေတွေလက်တွေ အဖြတ်ခံရသလို ဆုံးရှုံးမှုတွေ
အဝါရောင်ဒေစီပန်းလေးက မြက်ခင်းပြင်တစ်ဆုံး ပြေးလွှားငိုနေသံတွေ ...
ကွဲရှသံတွေ မကြားတဲ့အရပ်မှာ မင်းနေသလား
ဒါမှမဟုတ် ကွဲရှသံတွေအတွက် မင်းရဲ့နားစည်ကပဲ အလုပ်မလုပ်တာလား ...လမ်းမှားတာလား အစကတည်းကပဲ လမ်းမမှန်ခဲ့တာလား
လမ်းပျောက်နေတဲ့ ပန်းလေးက ငိုနေတာတဲ့ ဘယ်လောက်တောင် ကလေးဆန်လိုက်သလဲ
တချို့ မျှော်လင့်ချက်တွေက
ရပ်လိုက်ဖို့ကောင်းတယ်
တချို့ဒေစီပန်းတွေကလဲ မငိုတော့ဖို့ ကောင်းတယ်အတိတ်က အတိတ်မှာပဲ ရှိသင့်တယ်ဆိုပြီး
သက်ပြင်းတွေချည်း ချနေမိတယ်
ူလူမသေပဲ စိတ်သေတဲ့ညတွေမှာ
ငိုတစ်ဝက် ရယ်တစ်ဝက်နဲ့
အဖျက်ခံခဲ့ရတဲ့ ကတိတွေကို မီးတင်ရှို့ နေတာ
နီးမယ်ထင်ပေမယ့် ဝေးသည်ထက် ဝေးဝေးသွားတဲ့
စက္ကန့်ပိုင်းအတွင်း အဖြစ်အပျက်တွေ..ငါ့နေရာလပ်မှာမှ မင်းမရှိရင် ဘယ်နေရာမှာ
မင်းရှိနေပါသလဲ..
ပျောက်ရှခြင်းမှာ ငါ့ကိုယ်ငါပါ
ရှာမတွေ့တော့ဘူး
ရင်ထဲမှာပဲ ပျံတဲ့ လိပ်ပြာလေးက သူ့အလိုလိုသေသွားတာကို ခံစားလိုက်ရတယ်ငါဒီက စပြီး ငိုပါတယ်
ငါဒီကစပြီး ငိုနေပါတယ် အချစ်ရယ် ။ ။- S H A W N -