33

139 16 0
                                    

တချို့မျက်​ရည်​​တွေကို နာမည်​​ပေးမိတယ်​ ။
ရင်​ထဲမာငိုပြီး ရင်​ထဲမှာပဲ တိတ်​ချင်​တဲ့ မျက်​ရည်​တချို့အတွက်​​တော့ နာမည်​ရှာမရခဲ့ဘူး... ။
ကိုယ်​သိပ်​ပင်​ပန်းပြီး ​မောလာတယ်​...
ရင်​ထဲမာ တစ်​ဆို့​နေတဲ့ အပူ​လှိုင်း​တွေ
ဝမ်းနည်းမှတ်​တမ်းအထုပ်​လိုက်​​တွေ
မျက်​ရည်​ပူ​တွေ
ရင်​ကွဲနာ​တွေ
အကုန်​လုံးက လည်​မျိုမှာ တစ်​​နေတယ်​ ။
မျက်​နှာ​ပေါ် မျက်​ရည်​မကျလာဘူး။
မျက်​နှာ​ပေါ်မှာ ခံစားချက်​တွေ ​ပေါ်မလာ​တော့ဘူး ။
ဒါ​ပေမယ့်​ ငိုပြီးရင်း ဆက်​ငို​နေတုန်းပဲ ။
တချို့ ဆုံးရှုံးမှု​တွေအတွက်​ လက်​လှမ်းပြမိတယ်​ ။
လှည့်​မကြည့်​လို့ မသိတဲ့ ကိုယ့်​မျက်​နှာတည်​တည်​ကို ကိုယ့်​ဘာသာ​လှောင်​ချင်​​နေတယ်​ ။
အရာရာ တည်​မြဲ​နေမယ်​ ထင်​တဲ့ ​စောက်​ရူးမ။
သာယာမှုကို အလွယ်​ယုံတတ်​တဲ့ ​စောက်​ရူးမ။
စသည်​..... စသည်​ဖြင့်​​ပေါ့။
ကိုယ်​ဆွဲထားချင်​တာ... ဒါ​ပေမယ့်​ သူမှ မ​နေချင်​​တော့တာ။
ကိုယ်​လဲ စိတ်​မ​ကောင်းဖြစ်​ရမယ်
သူလဲ စိတ်​အလိုမကျ ဖြစ်​ရမယ်
ဒီလိုဒီလိုနဲ့ ကိုယ့်​အချစ်​ပိုင်​ရှင်​ကို လွှတ်​လိုက်​ရပါတယ်​ ။
ငှက်​​လေး​တွေလိုမျိုး
ကြိုးပြတ်​သွားတဲ့ စွန်​​လေး လိုမျိုး
မတည်​ငြိမ်​တဲ့ တိမ်​​လေး​တွေလိုပါမျိုး
ကိုယ်​ လွှတ်​လိုက်​ရပါတယ်​ ။ ။

- Nami -

"Who knows"Where stories live. Discover now