လွမ်းကြောင်းပြောခွင့်မရှိတဲ့ လူတစ်ယောက်ကို လွမ်းတယ်
တစ်ခါတစ်လေ နီးသယောင် ထင်မိတယ်
တကယ်တမ်း ဝေးနေတယ်
မင်းအကြောင်းကလွဲလို့ ခေါင်းထဲမတိုးတဲ့ အကြောင်း လူတွေကို ပြောပြဖြစ်သေးတယ် ။
တချို့က ရယ်တယ် တချို့ကတော့ နားလည်သယောင် ဝင်နားထောင်ပေးကြတယ် ။
ကိုယ်ကတော့ မင်းအကြောင်းတွေပဲ ဖန်တရာထေ အောင် ပြောနေတော့တာ ။
ကြားရတဲ့လူတွေက ပျင်းလာကြတယ် ။
အမှတ်တရတွေက ကိုယ်တစ်ယောက်တည်းအတွက်ပဲ သစ်လွင်နေတယ်။
မင်းလဲ ပျင်းတယ် သူတို့လဲပျင်းတယ်
ကိုယ်ဘာလို့ မပျင်းလဲ တွေးပြီးရယ်မိသေးတယ် ။
နောက်တော့လဲ မင်းကဘယ်လိုဘယ်ပုံ ဆိုပြီးဆက်တွေးဖြစ်တယ် ။
ကိုယ့်နှလုံးသား ကမ္ဘာမှာ မင်းပဲရှိတယ်လို့ အစချီပြီးပေါ့ ။မင်းအတွက် ပြုံးပြရတာ ကိုယ့်ဝါသနာပဲ။
အချိန်ကြာလေ ကိုယ် အလှဆုံး အပြုံးတု လုပ်ရတဲ့ နေရာမှာ ကျွမ်းကျင်လာလေ ။
တချို့အမှတ်တရတွေမှာ ကိုယ် ပျော်ပျော်ကြီး ပြုံးနေခဲ့ဖူးတယ်။
မင်းလဲမမှတ်မိဘူး တခြားသူတွေလဲ မမှတ်မိဘူး ။
ကိုယ်ကတော့ အချိန်တိုင်း ပြုံးရယ်မိနေတုန်းပဲ ။
အစစ်လား အတုလား ကိုယ့်ကိုကိုယ်တောင် မခွဲခြားနိုင်တော့တာပဲ ရှိတော့တာ။ကိုယ်တို့တစ်ရက် လက်ချင်းတွဲထားကြပြီး ချစ်ကြတာပေါ့
မင်းလုပ်သလို လက်ဖဝါးလေး လေပေါ်မြောက်ရင်း ကိုယ်တိုးတိုးလေး ဆုတောင်းလိုက်သေးတယ်။
မင်းလဲမတွဲဘူး တခြားသူတွေလဲ လာမတွဲဘူး
ကိုယ့်လက်ချောင်းတွေကြားထဲ လေအေးတွေ ဝင်တိုက်လာတယ်။
အေးလွန်းလို့ ဘောင်းဘီအိပ်ကပ်ထဲ အပြေးလေး ထည့်ထားလိုက်ရသေး။မင်းကြိုက်တဲ့ကောင်မလေးကို ကိုယ်ငေးကြည့်လိုက်တယ်။
သိပ်လှတာပဲ လို့ ကိုယ်မပြောမိလိုက်ဘူး။
မင်းနောက်ကျောလေးကြည့်ရင်း နွေးထွေးပါစေ တစ်ဘဝလုံးလို့ ရေရွတ်ဖို့တော့ ကိုယ် မမေ့ခဲ့ဘူး။
တချို့ နှလုံးသားတွေကို ကိုယ်သိပ် မေတ္တာ မရှိလှဘူး။
ကိုယ့်မှာ မဆီမဆိုင် ရင်ကွဲနာ အပြည့်နဲ့ ။
မင်းလဲ ဂရုမစိုက်ဘူး တခြားသူတွေကလဲ အာရုံမရလှဘူး။
မိန်းမ ပီပီ ဟန်ချီချီနဲ့ ကိုယ်ငိုဖို့ပဲ တာဆူနေခဲ့။ဟန်နီရေ ... ကိုယ့်ဘဝလေးကို ငုံ့ကြည့်လှည့်ပါဦး။
အတောင်လှလှ ငှက်လေးနှစ်ကောင် ပျံတက်သွားတာကို ကိုယ်လှမ်းအော်မိသေး။
ကိုယ့်မှာ ဝေးဝေးကို ငေးမိနေတုန်း။
ရင်ကွဲနာကို အနွေးထည်နဲ့တင်းတင်းအုပ်ထားရင်း ငေးမိနေတုန်း ။