သတိမရဘူးလား လို့မေးချင်ပါတယ်။
တခြားသူတွေနဲ့ မင်းပျော်နေတာ တွေ့နေရပေမယ့်
ကိုယ့်ကိုများ တဆိတ်လောက် သတိရမိမလားလို့
မျှော်လင့်ချက်တွေကြီးမိပါတယ် ။
တချို့မေးခွန်းတွေကို အဖြေကြိုသိနေလျက်နဲ့
ကိုယ်တစ်ယောက်တည်း မေးနေမိတယ်
ဖြေမယ့် မင်းလဲမရှိ
အဖြေလဲမရှိ
ခံစားချက်တွေလဲ မရှိ
ဒီလိုရူးမိုက်ရတာမျိုးတွေကိုလည်း
ကိုယ်က သိပ်ပျော်နေတတ်ပါတယ် ဟန်နီရယ် ။ ။
