မင်းကို စိတ်နာရဖို့ ကိုယ်ဘာတွေ အားထုတ်ရပါ့မလဲ...
ရင်နာတာက စိတ်နာတာလား ?
အရာအားလုံး ရောထွေးနေတယ်
သေချာတာကတော့ မင်းဘေးနားရှိချင်စိတ်နဲ့
ရင်ချည်းလှိမ့်နာနေရတာပါပဲ ။မင်းဘေးနားမှာကိုယ်ရှိသွားလို့ကော
မင်းကချစ်သွားကောတဲ့လား
အပေးအယူဆိုတာမျိုးတွေ
ကိုယ်ထည့်တွေးမိလိုက်ကတည်းက
အချစ်တွေက မဖြူစင်တော့တာပါပဲ။မင်းဘေးနားမှာ မင်းဂရုစိုက်တာတွေ
ကိုယ့်ရဲ့တုန့်ပြန်အချစ်
အမြဲအမြဲ မင်းကိုပျော်အောင်ထားမယ်
ကိုယ်တို့အချိန်တိုင်း လက်တွဲမဖြုတ်ပဲ ပျော်ပျော်ရွှင်ရွှင်နေကြမယ်ဆိုတဲ့ ယုံတမ်းစကားတွေကို
တကယ်မဖြစ်ဖြစ်အောင် ဖန်တီးမှာ
ဆိုတဲ့ ကိုယ့်ရဲ့ပေါချာချာစိတ်ကူးတွေ။လေထဲမှာ ဆောက်တဲ့အိမ်တွေ အမှန်တကယ်
ဖြစ်မလာသလိုပေါ့။
ရင်ဘတ်တစ်ဖက်တည်းက မျှော်လင့်ချက်တွေလဲ မကြိုးစားနိုင်ခင်ကပဲ ပျက်စီးသွားရတယ်ပေါ့လေ။နောက်ဆုံးတော့လဲ နာကျင်ရလွန်းလို့ မလွမ်းတော့ပါဘူး ဆိုပြီး မင်းပုံလေးတွေ ခိုးကြည့်မိခဲ့။
အိပ်မက်လှလှတွေ ထပ်မက်ခဲ့။
ပျက်ဆီးပြီးသား နှလုံးသားမှာ အမာရွတ်တွေများခဲ့။
အရာရာ အရှုံးပေးခဲ့။
ဒီလိုပဲပေါ့ ....ဒီလိုပါပဲ ဟန်နီရယ်။#Nami