M I S T A K E S

46 8 0
                                    

တားမြစ်​ချက်​​တွေကို ​ကျော်​သွားနိုင်​ရင်​ ငါ့အတွက်​ ဘာများကျန်​ခဲ့မလဲ..
မင်းမပါတဲ့လမ်း​တွေကို တစ်​​ယောက်​တည်း 
လျှောက်​ရတာ ​ပျော်​လာတယ်​..
Mexico ကိုခရီးနှင်​ချင်​တယ်​ အချစ်​ရယ်
မင်းပါလဲ ဖြစ်​တယ်
မင်း မပါလဲဖြစ်​ရပါမယ်​ ....။

လူ​တွေက ကြယ်​​တွေကိုမြင်​ရရင်​ ချစ်​တယ်​တဲ့
ကြယ်​မမြင်​နိုင်​တဲ့​နေ့​တွေမှာ​တော့ ချစ်​​ကြောင်း
မ​ပြောကြပဲ မသိဟန်​​ဆောင်​လိုက်​ကြတယ်​ ..
အ​ပြောင်းအလဲ သိပ်​မြန်​ကြတယ်​ အချစ်​​ရေ..
မင်းမှန်​သလို ငါမမှားတဲ့​နေ့​တွေလိုပဲ..
အမှားရှာရင်း အမှန်​​ပျောက်​ကြတယ်
ငါတို့​တွေဟာ အမှန်​​တွေလုပ်​ရင်း မှားခဲ့တာလား
ဒါမှမဟုတ်​ အမှား​တွေပြင်​ရင်းနဲ့ မမှန်​လာတာလား
သေချာတာက​တော့ ငါတို့နှစ်​​ယောက်​လုံး မမှန်​​သေးဘူး ဆိုတာမျိုး.. ။

စာ​တွေ​ရေးရင်း စာ​တွေထဲမှာ မင်းကိုနှစ်​ပစ်​လိုက်​တယ်​..
စည်း​တွေ​ဘောင်​​တွေကြားမှာ မင်းဟာ ချစ်​စရာ
ပိုတိုးမလာမယ့်​ ရူးသွပ်​မှု​တွေကို သိသိရက်​နဲ့ ငါ​စောင့်​​နေ​သေးတယ်​..
အဲ့ဒီ​နောက်​ပိုင်း ငါ့လက်​ဖျား​တွေ မ​နွေး​တော့ဘူး
ငါ့အနားမှာ မင်းမရှိ​တော့ဘူး.... ။

Shut the fuck up လို့​အော်​​ပြောရင်းက စကားအဆုံးသတ်​မရတဲ့ ည​လေး​တွေကို​တောင်
သတိရမိ​သေးတယ်​..
ဆောင်းရာသီပဲ အမြဲ ဖြစ်​ပါ​စေလို့ ဆု​တောင်းခဲ့တာ
မင်းပါးချိုင့်​​လေးကို စိတ်​မှန်းနဲ့ ခိုးနမ်းလိုက်​တယ်
ညာလက်​က အမှတ်​​လေးကိုလဲ မချန်​ခဲ့ဘူး..
ကောင်း​သောညပါ​ပြောမိတဲ့အခါ
ဘယ်​ဘက်​ရင်​အုံက သူ့အလိုလို​နွေးတယ်​..

မင်း ပါးချိုင့်​ထဲ ဝင်​​အောင်းချင်​လို့ပါ အချစ်​ရဲ့..

မင်း ပခုံး​လေး နမ်းချင်​လို့ပါ အချစ်​ရဲ့..

May be you are the one or not the one..
What if just being you is perfectly enough for me?

ဒီည​တော့ ညတာရှည်​ပါ​စေ အချစ်​ရယ်​..
ပြော​ပြောပြီး ထပ်​ထပ်​လွမ်း... ။ ။

- S H A W N -

"Who knows"Where stories live. Discover now