38

84 6 2
                                    

ကိုယ်​လက်​ကမ်းတဲ့အခါ ပုတ်​ချဖို့​လောက်​ပဲ သိတဲ့
မင်းအ​ကြောင်း​တွေ​ပေါ့ ..
ကူရာကယ်​ရာ မဲ့သူက ကိုယ်​ ဖြစ်​တယ်​။
ဒါဟာ အဆုံးသတ်​ပဲလို့ ဆုံးဖြတ်​လိုက်​တိုင်း
အမှတ်​တရ​တွေဆီ ပြန်​စ​တွေးမိတဲ့အခါ
မကုန်​ဆုံးနိုင်​တဲ့ဝဋ်​​ကြွေးကလဲ ကိုယ်​ ပဲဖြစ်​တယ်​။
နောက်​​ကျော​ပေးရင်း ​ဝေးကြတဲ့အခါ
မာန​တွေ ချနင်းရင်း မင်း​နောက်​​ကျောနဲ့ ​နွေး​ထွေးဖို့သာ ကိုယ်​​တပ်​မက်​တဲ့အခါ
အရာရာကို လွယ်​လွယ်​​လေး မင်း ရပ်​တန့်​ပစ်​နိုင်​တဲ့အခါ
အတတ်​နိုင်​ဆုံး ကိုယ်​လုပ်​နိုင်​တာတစ်​ခုက​တော့ 
ပျော်​ရွှင်​မှုက ဒီလိုပါလို့ အဆင်​​ပြေရာ တစ်​ခုခုကို လက်​ဆုပ်​လက်​ကိုင်​ ပြလိုက်​ရမှာပါပဲ ...
ဒါပါပဲ.. ကိုယ်​တို့ကြားက မတားပါပဲနဲ့ ခြားသွားတဲ့စည်းဆိုတာ ဒါပါပဲ ...ဟန်​နီ ။ ။

-Nami-

"Who knows"Where stories live. Discover now