37

123 8 0
                                    

ဒီရက်ပိုင်း အဆင်မပြေလှပါဘူး ...
အဆင်ပြေနေပါတယ်လို့ အကိုမြင်နေအောင် ပျော်ပြနေရတဲ့ ညီမပါပဲ။
ညီမပဲ လွှတ်ချခဲ့တယ်
ညီမပဲ ပြန်ဆုပ်ကိုင်ချင်တယ်
အကိုက အခွင့်အရေး တစ်ခုပါ။
ညီမ အမြဲလိုချင်ခဲ့ဖူးတဲ့ ရည်မှန်းချက်တစ်ခုဆိုလဲ ဟုတ်တယ်။
မွန်းကြပ်လို့ ထွက်ပြေးမိတယ် ...
လွတ်မြောက်သွားတဲ့အခါ လှောင်အိမ်ကိုပဲ စွဲလမ်းတမ်းတနေမိပြန်တယ်...
ညီမက ငှက်ဆိုးလေးတစ်ကောင်ပါ။
ညီမကို ဖမ်းယူပါ။
လှောင်အိမ်ထဲထည့်ပါ။
ခဏလောက် လွှတ်ပေးပါ။
ပြီးရင် ပြန်ဖမ်းယူပါ။
ကထိကရ များလှတဲ့ ညီမပါ။
စောက်လုပ်တွေ ရှုပ်တယ် လို့ အကိုပြောတဲ့အခါ ပြုံးပြုံးလေး အကို့နား ကပ်နေချင်တဲ့ ညီမပေါ့။
သိလား အကိုရေ ...
အကို့ကိုငေးနေတဲ့ မမကို ညီမတွေ့မိတယ်
ထပ်ပြီး အကို့ကိုငေးနေတဲ့ ညီမကိုယ်ညီမလဲ တွေ့လိုက်ရတယ် ...
ညီမတို့ နှစ်ယောက်လုံး တူတူငေးနေကြတယ်
အကို့နောက်ကျောကို ...
စိတ်ပင်ပန်းလွန်းလို့ဆိုပြီး အကိုပစ်ချခဲ့တဲ့ ညီမတို့ရဲ့ နှလုံးသားလွယ်အိတ်ကြီးကိုကောပေါ့ ....
အကို့ရဲ့ ငှက်ဆိုးလေးကို ထပ်မွေးပါဦး လို့ ညီမ အော်လိုက်တာကို မသိချင်ယောင်ဆောင်နေတဲ့ အကို့ကိုပေါ့ ......
အကိုက ညီမတို့နဲ့ တစ်စတစ်စ ဝေးဝေးသွားတယ်...
မမကဖြင့် ဘာမှမအော်ပါဘူး။
ညီမကဖြင့် လှောင်အိမ်ချစ်တဲ့ ငှက်လေး တစ်ကောင် အကြောင်း အော်ဟစ်ပြီး ရှင်းပြမိနေတုန်း။
အသံတွေ မထွက်တော့တဲ့အထိ ရှင်းပြမိနေတုန်း။
နှလုံးသားဆက်သွယ်မှုကြိုးတွေ ဖြတ်တောက်ခံလိုက်ရတဲ့အထိ ရှင်းပြမိနေတုန်း။
အကိုကတော့ စောက်ဂရုမစိုက်စွာနဲ့ ရှေ့ဆက်နေတုန်းပေါ့။
အကို့ ငှက်ဆိုးလေးကတော့ မမောသေးဘူးရှင့်
အော်နေဦးမှာ ...
အကို မကြားကြားအောင် ကမ္ဘာတစ်ဆုံး လိုက်အော်နေဦးမှာရှင့်။ ။

-Nami-

"Who knows"Where stories live. Discover now