ရင်နာတဲ့အခါ နှလုံးသားမှာ lavender တွေ မပွင့်တော့ဘူး ဟန်နီ။
လက်ထဲမပိုင်ဆိုင်ရတဲ့အရာကို လက်လွှတ်လိုက်ရလို့
နာနေရတာ ကိုယ်ပဲရှိမယ်ထင်တယ် ။
ဝေးသွားလဲ အဆင်ပြေမှာပါ။
နီးနေတုန်းကလဲ အဆင်ပြေနေခဲ့တာပဲလေ။
မင်း ရင်ခွင်ထဲ ဝင်တိုးချင်တယ် ။
မင်း အနမ်းတွေနဲ့ ကျင့်သားရချင်တယ် ။
မင်း လက်ကိုဆွဲရင်း မြို့တစ်ပတ် ပတ်လိုက်ချင်တာ။
ကိုယ့်ဆီမှာ ယုံကြည်မှုတွေ အပြည့်ပဲ ။
မင်းအပေါ် တန်ဖိုးထားမှုနဲ့
အတူတူဆုပ်ကိုင်ထားတဲ့လက်တွေမှာ ချွေးစေးတွေနဲ့ ...
အိပ်မက်တွေအကြောင်း အပြန်အလှန်ပြောကြတယ်
ဘဝတွေနဲ့ချီကုန်တယ် ။
စကားအပေါက်အလမ်းတွေလဲ လွဲလို့ပေါ့။
နောက်ဆုံး အဆင်မပြေရင် ကိုယ့်လမ်းကိုယ်လျှောက်ကြမယ် လို့နိဂုံးချုပ်လိုက်တယ်။
ပြီးတော့ကိုယ်တို့ လက်တွေကို ခွာလိုက်ကြတယ် ။
ပြီးပြီ....
ကိုယ်တို့ ဝေးသွားကြပါပြီ ....
ကိုယ်ဝမ်းနည်းတယ် မျက်ရည်မကျဘူး။
မင်းလဲ ဝမ်းနည်းတယ် ဒါပေမယ့် ပြုံးနိုင်သေးတယ်။
ကိုယ်တို့ တွေက ရင့်ကျက်ခြင်းကို ဟန်ဆောင်လိုက်ကြတယ်။
မပီပြင်ပေမယ့် မသိသာစေဖို့ ပြုံးလိုက်ရတဲ့
နှုတ်ခမ်းတွေ ..
ပုံမှန်ထပ် မြန်နေတဲ့ နှလုံးခုန်နှုန်းတွေကို
အလုပ်ရှုပ်နေသယောင်နဲ့ ဖုံးကြတာပေါ့။
နောက်ဆုံး တစ်ခေါက်လောက် ကိုယ့်ကို
ပွေ့ဖက်နမ်းရှုံ့ပါဟန်နီ ။
အရာရာအတွက် ကျေးဇူးတင်ပါတယ်လို့ အလှဆုံးပြုံးပြီးပြောပါ ။
ညနေစောင်းရင် တစ်ခါငိုမယ်
မနက်နိုးတဲ့အခါ တစ်ခါငိုမယ်
လူတွေရှေ့မှာ ပျော်သယောင် နေမယ်
ကိုယ်ဖန်တီးထားတဲ့ ဘဝလေးပါ ဟန်နီ။
အဝေးကြီးကနေ ပိုဝေးကြတာပေါ့။
ဘဝဆက်တိုင်း ဝေးသွားကြတာပေါ့ ဟန်နီရယ် ။
ကိုယ်ကတော့ ပြုံးပြုံးလေး နှုတ်ဆက်ချင်ရုံပါ
ဒီလောက်လေးပါပဲ ။ ။#Nami