19

153 12 0
                                    

မင်းက​တော့ လွယ်​လွယ်​​လေး ​မေ့ထားနိုင်​တာ​ပေါ့ ။
ကိုယ်​က​တော့ ​ခဏတာ​လေး ​ဝေးတာ​တောင်​မှပဲ
မ​နေနိုင်​ မထိုင်​နိုင်​။
ကိုယ်​တို့ကြားက ကွာခြားချက်​က ဒါပါပဲ။
ကိုယ်​က စချစ်​ပြီး ကိုယ်​ကပဲ ဆက်​ချစ်​ရတဲ့
သ​ဘောပါပဲ။
မင်း ပ​ရောဂ မပါဘူး.. ။
မင်းအချစ်​​တွေလဲ မပါပါဘူး တဲ့​လေ။
သိပ်​ရက်​စက်​တဲ့ ချစ်​ရပါ​သော ဟန်​နီ​ရေ..
ကိုယ်​က​တော့ ကိုယ့်​ကို တန်​ဖိုးမထားတဲ့ မင်းကိုမှ အရူးအမူးပါပဲ ။
သိတဲ့သူ​တွေလဲ သိကြပါတယ်​ ။
မသိတဲ့သူ​တွေလဲ သနားကြပါတယ်​ ။
ကိုယ်​က​တော့ ​ပျော်​လိုက်​ မ​ပျော်​လိုက်​ ပါပဲ
ဟန်​နီ​ရယ်​။
လွမ်း​တော့လဲ မှိုင်​မိတာ​ပေါ့ ။
မလွမ်း​တော့လဲ ဆိုတာမျိုး မရှိသ​ရွေ့က​တော့
ကိုယ့်​အဖြစ်​က ​မျှော်​​ငေးလိုက်​ ငို​ဆွေးလိုက်​​ပေါ့ကွာ ။
မင်းအတွက်​ဆို ဝဋ်​​ကြွေး​တွေလဲ ​ပျော်​​ပျော်​ကြီး
ဆပ်​ချင်​​နေ​လေ​တော့လဲ.......

"Who knows"Where stories live. Discover now