Unicode below
မန္တလေးမြို့၏ ဒီဇင်ဘာနံနက်ခင်းတစ်ခုတွင် အေးချမ်းနေပြီး လမ်းမများတွင်လည်း မြူခိုးလေးများဖြင့် အုံ့ဆိုင်းနေလေသည်။ ဆောင်းတွင်းသည် လေ့ကျင့်ခန်းလုပ်ရန် အကောင်းဆုံးရာသီဖြစ်သည့်အတွက် မန္တလေးမြို့၏ အထင်ကရနေရာ ဖြစ်သည့် ကျုံးတွင်လည်း လမ်းလျှောက်သူများ ၊ ပြေးနေသူများနှင့် ပြည့်နှက်နေလေသည်။ ကျုံးနှင့် မလှမ်းမကမ်းရှိ မန္တလေးတောင်တွင်လည်း တောင်တက်သူများဖြင့် ပြည့်နှက်နေလေသည်။
ထိုကဲ့သို့ အများပြည်သူ နိုးကြားပြီး တက်ကြွနေသည့် အချိန်တွင် သက်တန့်လင်း တစ်ယောက်ကတော့ အိပ်ရာထဲတွင် ကွေးကောင်းနေလေသည်။ ယနေ့ တက္ကသိုလ် စတက်ရမည့် ပထမဆုံးရက် ဖြစ်သည့်အတွက် စောစောထရန် နိုးစက်ချထားခဲ့သည်။ သို့သော်လည်း ထုံစံအတိုင်းပင် နှိုးစက်ကို ပြန်ပိတ်ကာ အိပ်နေလေသည်။
နံနက် ၈နာရီအထိ အိပ်ရာမှ မနိုးလာသေးတော့ သက်တန့်လင်း၏ အမေဖြစ်သူ ဒေါ်ဟေမန်ကိုယ်တိုင် လာနှိုးရလေသည်။ ဒေါ်ဟေမန်လည်း သက်တန့်၏ ကုတင်ဘေးတွင် ၀င်ထိုင်ရင်း အချစ်ရဆုံး သူ့သားလေးကို နိုးရလေသည်။
"သား...သက်တန့် ထတော့လေ သားဒီနေ့ ကျောင်းစတက်ရမယ်လေ။ ထတော့ သားလေး"
ဒေါ်ဟေမန်က သက်တန့်ရဲ့ ဆံပင်လေးတွေကို ဖွလျက်နိုးလေသည်။
သက်တန့်လင်းကလည်း အိပ်ချင်မူးတူးဖြင့် မျက်လုံးလေးပွက်ကာ အမေဖြစ်သူကို ကလေးတစ်ယောက်ကဲ့သို့ နှုတ်ခမ်းလေးဆူပြလေသည်။
"ပျင်းစရာကြီး မားမားရာ သားအိပ်ချင်သေးတယ် ဒီနေ့ စဖွင့်တာဆိုတော့ မသွားလည်း ဖြစ်လောက်ပါတယ်"
"မရဘူးလေ သားရဲ့ ကျောင်းအပ်တဲ့နေ့က ဆရာမကြီးကိုယ်တိုင် မှာလိုက်တာကို ကဲပါ အပျင်းမကြီးနဲ့ ထတော့"
ဒေါ်ဟေမန်လည်း သက်တန့်လင်းကို ဆွဲထူပြီး အတင်းထခိုင်းရလေသည်။
သက်တန့်လင်းဆေးကြောပြီး ကျောင်းသွားဖို့ တစ်ခါတည်းပြင်ပြီး အောက်သို့ ဆင်းလာလေသည်။ သက်တန့်လင်းသည် အရပ်က ၅ပေ၈လက်မခန့် မြင့်ပြီး တရုတ်သွေးပါသည့်အတွက် ဖြူဖွေးသောအသားရည်နှင့် ချစ်စရာကောင်းသော မျက်နှာလေးကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ သက်တန့်လင်း၏ အဖေက တရုတ်လူမျိုးစစ်စစ် ဖြစ်ပြီး ဒေါ်ဟေမန်က ဗမာစစ်စစ်ဖြစ်သည့်အတွက် အဖေနှင့်အမေတို့ဆီမှ အလှအပတို့ကို ကောင်းကောင်းအမွေရထားသူလည်း ဖြစ်ပေသည်။
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...