Unicode below
"သက်တန့် မင်း ခေါက်ဆွဲပြုတ်စားမှာမလား"
"အင်း နှစ်ထုပ်နော် တစ်ထုပ်တည်း မဝဘူး"
ခေါက်ဆွဲထုပ်စားလျှင် အမြဲတမ်း နှစ်ထုပ်မှ ဝသည့် သက်တန့်လင်းကြောင့် တေဇာပိုင် ပြုံးမိသည်။ တေဇာပိုင့်အကျင့်တိုင်းဆိုလျှင် ဤကဲ့သို့ ready made အစားအစာတွေကို လုံးဝစားခိုင်မည် မဟုတ်ချေ။ သို့သော်လည်း ပြည့်စုံအောင် ထားပေးသည့် မိဘတွေအိမ်ကို ပစ်ထားပြီး နှစ်ယောက်တည်း နေနေရသည့်အတွက် ခေါက်ဆွဲနှင့်ကြည်ဥကို ကျေးဇူးရှင်တော်ထားရသည်။
သက်တန့်လင်း အိမ်ကတော့ ဟင်း အခြောက်ခြမ်းလေးတွေ လာပို့ပါရဲ့။ အလွန်ဆုံးခံ သုံးရက်ပင်။ အခုလည်း ညစာအတွက် ခေါက်ဆွဲထုပ်နှင့် နှစ်ပါးသွားရတော့မည်။
"ရပြီ"
တေဇာပိုင်တစ်ယောက် မီးဖိုခန်းထဲမှ ခေါက်ဆွဲအိုးလေးကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ထွက်လာသည်။ ထို့နောက် ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင် သတင်းစာခုပြီး တင်ထားလိုက်သည်။ သက်တန့်လင်းကတော့ ဗိုက်ဆာလွန်းနေ၍ လက်ဖဝါးလေး နှစ်ဖက် ပွတ်ပြီး ပြုံးရွှင်နေသည်။
"အင်း မွှေးနေတာပဲ...စားကောင်းမယ့်ပုံပဲ"
"ကောင်းမှာပေါ့ ငါပြုတ်ထားတာလေ"
"ဘာမှလဲ မဆိုင်ဘူး"
သက်တန့်လင်းက ခေါက်ဆွဲကို တူဖြင့်ညှပ်ကာ ပါးစပ်နားတေ့ပြီး မှုတ်ရင်းပြောလေသည်။
"ဆိုင်တာပေါ့ ခေါက်ဆွဲပြုတ်တာလည်း လွယ်တာမှတ်လို့ ရေကို ချင့်ချိန်ပြီးထည့်ရတယ် ခေါက်ဆွဲသား နူးမနူးကြည့်ရတယ်"
"....."
တေဇာပိုင်ကတော့ ခေါက်ဆွဲပြုတ်နည်း သီအိုရီကို တရားဟောသကဲ့သို့ ပြောနေပေမယ့်လည်း သက်တန့်လင်းမှာ ခေါင်းမဖော်တမ်း ခေါက်ဆွဲစားနေသည်။ ထိုစဉ် တေဇာပိုင်တစ်ယောက် သတိပြုမိတာ တစ်ခုရှိသွားသည်။
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...