Chapter 14

28.4K 2.4K 102
                                    

Unicode below

အဖျားရှိန်ကြောင့် အိပ်ပျော်သွားခဲ့သည့် သက်တန့်လင်း နိုးလာသည့် အချိန်တွင် မနက်ခင်းရောက်နေပြီ ဖြစ်သည်။ နဖူးပေါ်မှ စိုစိစိ အထိတွေ့ကို ခံစားလိုက်ရသည်။ ပုဝါဖြူကို ရေစွတ်ကာ အဖျားကျစေရန် စိုင်းပြည့်မှ နဖူးပေါ် တင်ပေးထားခြင်း ဖြစ်သည်။ သက်တန့်လင်း ပုဝါကို ဖယ်လိုက်သည်။ အပူရှိန်ကို မခံစားရသော်လည်း အဖျားဒဏ်ဖြစ်သည့် ကိုက်ခဲမှုကို ခံစားနေရသေးသည်။

သက်တန့်လင်း အိပ်ရာမှ ထထိုင်လိုက်တော့ ဘေးနားတွင် စိုင်းပြည့်တစ်ယောက် ကုတင်ပေါ်ခေါင်းတင်ကာ ကိုယ်က ကြမ်းပြင်တွင် ထိုင်လျက် ငုတ်တုတ်လေး အိပ်ပျော်နေသည်။ သက်တန့်လင်း လေပူတွေကို တစ်ချက်မှုတ်ထုတ်လိုက်သည်။ သူ့ကို ဒီလောက်ထိ ဂရုစိုက်သည်မှာ ဒီသူငယ်ချင်း တစ်ယောက်သာ ရှိသည်။ ခေါင်းတင်ထားသည့် စိုင်းပြည့်၏ လက်ကို အသာယာလေး လှုပ်နိုးလိုက်သည်။

"စိုင်းပြည့်...."

ရေမသောက်ထားသည့်အတွက် လည်ချောင်းခြောက်ကာ အသံမှာ သိပ်မထွက်။

"စိုင်းပြည့်..."

"ဟင်"

အားပါပါ လှုပ်နိုးတော့မှ စိုင်းပြည့် လန့်နိုးလာသည်။

"ဘာလဲ သက်တန့် ဘာလိုလို့လဲ ရေသောက်ချင်လို့လား...၀ှား" ပြာယာပြာယာဖြင့် စိုင်းပြည့်တစ်ယောက် သန်းရင်းပြောလေသည်။

"မဟုတ်ဘူး မနက်ရောက်နေပြီ မင်း အိပ်ချင်ရင် ကုတင်ပေါ် တက်အိပ်"

"အား....တော်ပါပြီကွာ"

စိုင်းပြည့် အညောင်းဆန့်ရင်း ဖြေလေသည်။

"ကဲ မင်း ဘာစားချင်လဲပြော ဆန်ပြုတ်သောက်မလား ခနော ဆန်ပြုတ်လောက်တော့ ငါပြုတ်တက်တယ်"

ဆန်ပြုတ်ဆိုသည့် အသံကြားသည်နှင့် သက်တန့်လင်း မျက်နှာစူပုတ်သွားသည်။ ထမင်းနှင့် ပက်သက်သည့် အရာမှန်သမျှ သူ နည်းနည်းလေးမှ မကြိုက်။

"မစားချင်ပါဘူး ထမင်းကြီး မား တို့ ပြန်ရောက်ပြီလားမသိ"

"ရောက်ရောပေါ့ကွာ မင်း အမေသာ သွားပြောလို့ကတော့ ဆန်ပြုတ်ပဲ တိုက်မှာပဲ မင်းက ဘာစားချင်လို့တုန်း"

My Fussy Boyfriend || CompletedTempat cerita menjadi hidup. Temukan sekarang