Chapter 7

33.4K 2.7K 35
                                    

Unicode below

တေဇာပိုင် တစ်ယောက် သက်တန့်လင်း အခန်းထဲမှ လျင်မြန်စွာ ပြေးထွက်လာခဲ့သည်။ သူ ရင်ဘက်ထဲတွင်လည်း ဗြောင်းဆန်နေသည်။ ပြေးလာ၍ ကြောင့်လားမသိ နှလုံးခုန်နှုန်းတွေ မြန်လာသည်။ သူ သက်တန့်လင်း ပြောသည့် စကားများကို သေချာကြာလိုက်သော်လည်း မကြားချင်ယောင်သာ ဆောင်ချင်သည်။ ဖြစ်နိုင်လျှင် သူတို့ နှစ်ယောက် ဒီနေ့မတွေ့ခဲ့ဟုပင် မှတ်ယူချင်သည်။

တေဇာပိုင် တစ်ယောက် သက်တန့်လင်းနှင့် စတွေ့ကတည်းက သက်တန့်လင်း တစ်ယောက် သူ့ကိုဆိုလျှင် အမြဲဦးစားပေးတတ်သည်ကို သတိထားမိခဲ့သည်။ သူထင်ခဲ့သည်မှာ တယောကို သဘောကျနေ၍ဟု ထင်မှတ်ခဲ့သည်။ သူကလည်း ရိုးရိုးသားသားပင် ဆက်ဆံပေးခဲ့သည်။ သို့သော် သက်တန့်လင်းဘက်မှ အရောင်ဆိုးချင် နေသည်ကို သူ သတိမထားမိခဲ့။

တေဇာပိုင် သက်ပြင်း တစ်ချက်ချလိုက်သည်။ အောက်ထပ်တွင် စောင့်နေသည့် သူ့ကားလေးပေါ် အမြန်တက်ပြီး ပြန်ခဲ့လိုက်သည်။ တေဇာပိုင်၏ အေးစက်စွာ ထွက်သွားပုံကို အိမ်ပေါ်မှ လှမ်းကြည့်နေသည့် သက်တန့်လင်း။ သူ ခြေထောက်ကို မနည်းထောက်၍ ပြတင်းပေါက်ဘက်သို့ အားတင်းကာ လျှောက်ခဲ့ခြင်း ဖြစ်သည်။

"တေဇာရယ် မင်း ဒီလောက်ထိ စိမ်းကားစရာမလိုပါဘူး မင်း မကြိုက်ရင်လည်း ငါ့ ခံစားချက်တွေကို မြိုသိပ်လိုက်ပါ့မယ်"

သက်တန့်လင်း မျက်ရည် အ၀ိုင်း တစ်ဝက်ဖြင့် ပြတင်းပေါက်မှ တစ်ဆင့် မောင်းထွက်သွားသော တေဇာပိုင်၏ ကားလေးကို ကြည့်ပြီး ပြောလိုက်သည်။

×××

သက်တန့်လင်း ခြေထောက်ပြန်ကောင်းသွား၍ ကျောင်းပြန်တက်လေသည်။ အခန်းထဲမှ လူများကလည်း သူ့ကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုကြသည်။ အားလုံး သူ ပြန်ကောင်းလာစေရန် မျှော်လင့်နေသည့် သူများပင် ဖြစ်သည်။ သက်တန့်လင်း ပျော်မိသည်။ အခု ကျောင်းတက်ရင်း အားလုံးနှင့် ရင်းနှီးလာပြီး မိသားစုကဲ့သို့ ဖြစ်လာသည်ကို သူသဘောကျမိသည်။

"သက်တန့်လင်း မင်း ကျောင်းပြန်တက်ပြီပေါ့ကွာ ငါ့မှာ တစ်ယောက်တည်း ပျင်းနေတာ"

My Fussy Boyfriend || CompletedHikayelerin yaşadığı yer. Şimdi keşfedin