Unicode below
ကျောင်းသင်္ကြန်ပွဲတော်။
အချိန်ကာလ တစ်နှစ်ကုန်ဆုံးသွားသည်နှင့်အမျှ အသက်တစ်နှစ် ကြီးလာသလို ကျောင်းတွင်လည်း စီနီယာနေရာသို့ ရောက်ခဲ့ကြပြီ။ မနှစ်ကကဲ့သို့ Fresherလေးတွေ မဟုတ်တော့သည့်အတွက် ကျောင်းနှင့်ပက်သက်သည့် အရာအားလုံးနှင့် ရင်းရင်းနှီးနှီးရှိလာခဲ့သည်။ ယခုလည်း ကျောင်းသားများ သဘောအကျဆုံး ပွဲတစ်ခုဖြစ်သည့် ကျောင်းသင်္ကြန်ပွဲတော်။
သင်္ကြန်ပွဲဆိုသည့်အတိုင်း မပါမဖြစ် စတုဒိသာများကို မေဂျာအလိုက် မျိုးစုံလုပ်ပြီး ကျွေးလေသည်။ ရွှေရင်အေး ၊ မုန့်လုံးရေပေါ် ၊ မုန့်လက်ဆောင်း စသည်တို့သာမက ရေခဲမုန့် ၊ အအေးတို့ကို မေဂျာအလိုက် မတူအောင် ကျွေးမွေးကြလေသည်။ ကျောင်းသားများအလုပ်ကတော့ လှည့်လည်စားသောက်ပြီး ဗိုက်ဖြည့်ရုံသာ။ လမ်းလျှောက်နေကြတုန်း တစ်ယောက်ကိုတစ်ယောက် ရေလောင်းကြသလို ရောင်စုံအမှုန့်များဖြင့်လည်း တို့ပေးကြသည်။
"အားလုံးပဲ မင်္ဂလာပါ...MUFLရဲ့ ကျောင်းသင်္ကြန်ပွဲတော်ကနေ ကြိုဆိုလိုက်ပါတယ် အခု ကျွန်တော်တို့ ဖျော်ဖြေရေးအစီစဉ် စတင်တော့မှာ ဖြစ်ပါတယ်..."
ကျောင်းဆောင်ပေါ်တွင် ချိတ်ထားသော အသံပေးစက်မှ အသံထွက်လာသည်နှင့် ကျောင်းသား ကျောင်းသူများမှာ အော်ဟစ်ကာ ဖျော်ဖြေရေးစင်ရှိရာသို့ ပြေးကြလေသည်။ စင်ဆိုပေမယ့်လည်း အမြင့်ကြီးမဟုတ်။ မြေပြင်ပေါ်တွင်သာရှိပြီး အမိုးအကာ ၊ ၀ါးလုံးတိုင် ၊ ဗီနိုင်းစသည်တို့ဖြင့်သာ အလှဆင်ထားရုံ သက်သက်သာ။ အားလုံးနီးပါး စင်ရှေ့သို့ ပြေးနေကြသော်လည်း မုန့်လုံးရေပေါ်ကျွေးသည့်နားမှ မခွာနိုင်ဖြစ်နေသော တေဇာပိုင်နှင့် သက်တန့်လင်း။
"တေဇာ ဟိုမှာပွဲစနေပြီ နောက်မှလာစားကွာ"
"နောက်မှ လာစားရင် ကုန်သွားမှာပေါ့"
မုန့်လုံးရေပေါ်ကို စားချင်လွန်း၍ တန်းစီနေသည်ကို သက်တန့်လင်းက စိတ်မရှည်စွာ စောင့်ပေးနေရသည်။
"ခန်လည်း သီချင်းဆိုဖို့ နာမည်ပေးထားတာကွ...သူဆိုရင် ဘယ်လိုလုပ်...အား..."
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...