Unicode below
ရက်သတ္တပက်၏ သောကြာနေ့။ ကျောင်းသားကျောင်းသူများ ၊ ရုံးသူရုံးသားများ သဘောအကျဆုံးနေ့ဆိုလည်း မမှားချေ။ MUFL၏ သောကြာနေ့တွင်လည်း ကျောင်းသား ကျောင်းသူများမှာ ကျောင်းအဝင်ဝမှ တစ်ဖွဲဖွဲနှင့် တက်ကြွစွာ ဝင်ရောက်လာကြသည်။ ယူနီဖောင်းဝတ်စုံကိုယ်စီ မေဂျာရှပ်ကိုယ်စီ ဝတ်ဆင်ထားကြသည်။
ထိုစဉ် B ဆောင်၏ မြေညီထပ်အဝင်ဝနားရှိ မိန်းကလေးအိမ်သာတွင် တောင်လျှောက်မြောက်လျှောက်လုပ်နေသော ကသစ်ဖြူ။ ကျောင်းသားကျောင်းသူတွေအားလုံး ကိုယ်စီ အတန်းကိုဝင်သွားကြသော်လည်း ကသစ်ဖြူမှာ အပေါက်ဝကိုကြည့်ပြီး တစ်စုံတစ်ယောက်ကို စောင့်နေသည့်ဟန်။ လက်မှနာရီကိုလည်း တစ်ကြည့်ကြည့် လုပ်နေသည်။ အတန်းချိန်လည်းနီးနေပြီ။
"တယော...!"
ဆံပင်ကေတိုလေးနှင့် မြှောက်ကြွမြှောက်ကြွဖြင့် တက်တက်ကြွကြွ လာနေသော တယောကို ကသစ်ဖြူက မိန်းကလေးအိမ်သာရှေ့သို့ လှမ်းဆွဲလိုက်သည်။
"ဘာလဲ ကသစ် အတန်းတက်တော့မှာကို"
"ငါနင့်ကိုမေးစရာရှိလို့"
"အတန်းထဲမှမေးလေ နင်ကလည်း"
"အတန်းထဲမှာ မေးရတာမလွတ်လပ်လို့ နင်မြန်မြန်ဖြေရင် ပြီးပါတယ်"
"ဘာလဲဟာ...ဘာမေးမှာလဲ ပြော!"
တက်ကြွနေသည့် တယော၏ စိတ်များမှာ ချက်ချင်းပင် စိတ်ရှုပ်ကာ ထိုင်းမှိုင်းသွားတော့သည်။
"နင်တေဇာရဲ့ ကောင်မလေးကို သိတယ်မလား"
"ဟင်!"
တယောတစ်ယောက် ချက်ချင်းပင် မျက်လုံးပြူးကာ အံသြသွားသည်။ တေဇာ၏ ချစ်သူမှာ မိန်းကလေးမှ မဟုတ်တာ။
"ငါ့ကိုပြောပြပါလားဟင် တယော ငါသိချင်လို့ပါ"
"တေဇာက နင့်ကို မပြောပြထားဘူးလား"
ČTEŠ
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...