Unicode below
တစ်မနက်ခင်းလုံး ဧည့်သည်များပြည့်ကာ နားချိန်မရသည့် Dolphinဆိုင်လေး။ သက်တန့်လင်းနှင့် တေဇာပိုင်တို့၏ ကျော်ကြားမှုမှာ အသိမှတ် ပြုစရာပင်။ ဆိုင်ဖွင့်သည့်အချိန်မှစ၍ ဧည့်သည်ပါးသည်ဆိုသည်မှာ မရှိခဲ့။ ဧည့်သည်အရေတွက် ပိုတိုးလာသည်သာ ရှိသည်။ အားပေးသူ များပြားသည့် အလျောက် ဆိုင်၏အဓိကဖြစ်သည့် မီးဖိုချောင်အပိုင်းများလည်း အလုပ်နှင့်လက် မပျက်လှပေ။
အကူစာဖိုးမှူးရှာထားသော်လည်း စိတ်တိုင်းကျသည့်သူ မတွေ့သေး၍ သက်တန့်လင်းတစ်ယောက်တည်း ဦးဆောင်ရုန်းကန်နေရသည်။ အခုလည်း ပူအိုက်လှသည့် မီးဖိုနားတွင်ရပ်ရင်း ချွေးပေါက်ပေါက်ကျကာ ပြင်ဆင်နေရသည်။
"Cheese Pizza ရပြီ..."
သက်တန့်လင်းက အနီးနာမှ ဘဲလ်တစ်ချက်တီးလိုက်ရာ စားပွဲထိုးဝန်ထိုးက ပီဇာပန်းကန်ကိုလာယူသွားလေသည်။ လေပူများကို တစ်ချက်မှုတ်ထုတ်ရင်း ချွေးကို အသာယာသုတ်လိုက်သည်။ ရုတ်တရက် အရှေ့ ဆိုင်ထဲမှ ဆူညံသံကိုကြားရ၍ နားစွင့်နားထောင်လိုက်သည်။
အလိုအလျောက်ပင် မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။ သက်တန့်လင်း၏ အမောဖြေဆေး တေဇာပိုင် ရောက်နေခြင်းပင်။ တေဇာပိုင်မှာလည်း ရုပ်ရှင်မင်းသားအလား Ideal Seme typeဆို၍ နာမည်ရနေသည်။ ဆိုင်ရှေ့သို့ ထွက်သွားရန်ပြင်သော်လည်း ကြားလိုက်ရသည့် အော်ဒါကြောင့် ခြေလှမ်းတွေကို နောက်သို့ပြန်ဆုတ်လိုက်ရသည်။
အော်ဒါမှာထားသည့် အားလူးသုတ်အား ပြင်ဆင်ရန် အားလူးတွေကို အာရုံစိုက်ကာ လှီးနေစဉ် နဖူးပေါ်ကျရောက်လာသည့် တဘက်ကြောင့် သက်တန့်လင်း လန့်သွားမိသည်။
"ပင်ပန်းနေပြီလား..."
"ဘယ်လိုပြောရမလဲ...မောတော့ မောတာပေါ့ ဒါပေမယ့် မမောဘူး"
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...