Unicode below
ဖြစ်ပျက်နေသည့် ကိစ္စအကုန်ကို ဒေါ်ဇာခြည် လက်ပူးလက်ကြပ် မိသွားတော့ မျိုးမြတ်ပိုင်လည်း ကိုယ်တိုင် စီစဉ်ပြီး ကြည့်ကောင်းအောင် ပြောရသည်။ သူငယ်ချင်း အချင်းချင်း စနောက်ပြီး ရိုက်ယူထားသည့် ဓာတ်ပုံများဟု လိမ်ပြောထားသည်။ ထို အဖြေကိုတော့ ဒေါ်ဇာခြည် လုံးဝ မင်္သာသလို သဘောလည်း မကျပေ။ ယောက်ျားလေးနှစ်ယောက် ရိုက်စရာရှားလို့ အခုလိုထိ နှုတ်ခမ်းချင်းထိကပ်ပြီး အနမ်းပေးသည့် ပုံရိုက်စရာလားဟု တွေးမိသည်။
သေချာရန်အတွက်လည်း တေဇာပိုင်ကို တိုက်ရိုက် မေးရမည်။ တေဇာပိုင် ကိုယ်တိုင်က ပြောသည့် အကြောင်းပြချက်ကို ဒေါ်ဇာခြည် ကြားချင်မိသည်။ ထို့ကြောင့် ထိပ်တိုက်ဖြေရှင်းရန် တေဇာပိုင်ကို အိမ်သို့ ဆင့်ခေါ်ထားသည်။
အိမ်ရှိ ဧည့်ခန်းတွင် ဒေါ်ဇာခြည်တစ်ယောက် မိန့်မိန့်ကြီး ထိုင်နေသည်။ ညပိုင်း အလုပ်နားသည့် အချိန်ဖြစ်သည့်အတွက် ဦးမြတ်ပိုင်ပါ အတူရှိနေသည်။ ဦးမြတ်ပိုင်လည်း အကြောင်းရင်းကိုတော့ သိထားသည်။ အဖေတစ်ယောက် အနေနှင့် သားအတွက် အပေါင်းသင်းမှားနေလျှင် ပြင်ပေးရမည့် တာဝန်ရှိသည်။ ထို့ကြောင့်လည်း ဆိုဆုံးမရန် ဆုံးဖြတ်ထားသည်။ ဦးမြတ်ပိုင်နှင့် ဒေါ်ဇာခြည်တို့ တွေးထားသည်က သက်တန့်လင်းကြောင့်။ သက်တန့်လင်းက မကောင်း၍ တေဇာပိုင် အပေါင်းသင်းမှားကာ ဤကဲ့သို့ သဘာသမကျသည့် ပုံများထွက်လာရသည်ဟု တွက်ထားသည်။
ခဏကြာတော့ ခြံထဲသို့ ကားဝင်လာသည်။ ကားပေါ်မှ တေဇာပိုင် ဆင်းလာသည်။ ထို့နောက် ကားပေါ်တွင် ထိုင်နေပြီး ဆင်းချင်ဟန် မပေါ်သည့် သက်တန့်လင်းကို တေဇာပိုင် အတင်းဆွဲ ခေါ်လိုက်သည်။
"ငါ...ငါမလိုက်ဘူး တေဇာ!"
သက်တန့်လင်းက တေဇာပိုင်၏ လက်ကို အတင်းဖြုတ်ချပြီး ရုန်းလေသည်။
STAI LEGGENDO
My Fussy Boyfriend || Completed
Storie d'amore(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...