Chapter 12

29.8K 2.5K 122
                                    

Unicode below

ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသည့် တန်ခူးလ။ မြန်မာတို့၏ နှစ်သစ်ကူးလ သင်္ကြန်ပွဲတော် အချိန်အခါပင် ဖြစ်သည်။ အေပရီလဟု ဆိုသည့်အတိုင်း အပူရှိန်က မြင့်လွန်းလှသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်သည့် မန္တလေးမြို့ကြီးသည်လည်း နှစ်သစ်နှင့်အတူ အပူကဲလွန်းနေသည်။ အပူရှိန်ကဲသော်လည်း လူထုကြီးမှာ ပျော်ပွဲရွှင်ပွဲဖြစ်သည့် ရေကစားပွဲကို ကျင်းပဆဲ။

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းနေပြည်တော်ဖြစ်ခဲ့သည့် နန်းတွင်းကြီးကို ကာရံထားသည့် ကျုံးမြို့ရိုးကြီးသည် ယခင် ဖြတ်သွားဖြတ်လာ ငေးကြည့်ရသည့်တိုင် ရှင်းလင်းမနေချေ။ ပက်ပက်လည် ၈မိုင်ကျယ်ဝန်းသည့် ကျုံးကြီးကို ရေကစား မဏ္ဍပ်များက ၀န်းရံထားသည်။ တစ်လမ်းမောင်း ပြုလုပ်ထားသည့်အတွက် ကားများပြည့်နှက်ပြီး စည်ကားနေသည်။ ကားများလည်း အမျိုးစုံ အရောင်စုံဖြင့် ပြည့်နှက်နေသည်။ ကားတိုင်းတွင်လည်း ကိုယ်စီ ပြည့်ညက်နေသည်။

ကျုံးတွင် စည်ကားနေသကဲ့သို့ လမ်းသွယ်လေးများတွင်လည်း ရေခဲရေကိုယ်စီဖြင့် သင်္ကြန်ကားများကို ပက်နေသော ကလေးအုပ်စုများမှာလည်း အများမပြား။ လမ်းဘေးတွင် ပွင့်နေသော ပိတောက်ပင်ကြီးတွင်လည်း ရွှေဝါရောင် ပိတောက်ပွင့်များကို ဖြတ်သွားလျှင်ပင် အနံ့ရသည့်တိုင် မွှေးအီနေသည်။

မန္တလေးတွင် ကျုံးမှ မလည်လျှင် သင်္ကြန်မကျဟုဆိုသည့်အတိုင်း သူငယ်ချင်း အုပ်စုဖြစ်သော တေဇာပိုင်တို့ အုပ်စုသည်လည်း လည်ရန်စီစဉ်ထားသည်။ တေဇာပိုင်သည် သင်္ကြန်တွင်းဆိုလျှင် အိမ်တွင်းအောင်းတတ်သည်သာ များသည်။ ငယ်ငယ်ကတော့ အိမ်ရှေ့တွင် ကလေးဖော်များဖြင့် ရေပက်လေ့ရှိသော်လည်း သိတက်သည့် အရွယ်မှစ ရေပက်ခြင်းကို ကစားစရာ သက်သက်ဟုသာ မြင်လာသည်။

သင်္ကြန်တွင်းဆိုလျှင် အိမ်တွင်းအောင်းကာ တီဗွီမှပြသော သင်္ကြန်းမိုးကဲ့သို့ ရှေးကားများကိုသာ စောင့်ကြည့်ပြီး အချိန်ကုန်ခဲ့သည်။ ဒေါ်ဇာခြည်သည်လည်း တေဇာပိုင် စိတ်မပါသည်ကို အခွင့်ကောင်းယူပြီး အမြဲတမ်း ခြေချုပ်ချထားခဲ့သည်။ သို့သော် ယခုအခါတွင် မတူတော့ချေ။ တေဇာပိုင်သည် တက္ကသိုလ်ကျောင်းသား ဖြစ်နေပြီ ဖြစ်သည့်အပြင် သက်တန့်လင်းတို့ကဲ့သို့ နေရာတကာ တက်ကြွတတ်သည့် အုပ်စုရှိနေပြီဖြစ်သည်။

My Fussy Boyfriend || CompletedOpowieści tętniące życiem. Odkryj je teraz