Unicode below
MUFL တွင် ပွဲကျင်းပသည့် ရက်တစ်ရက်ဖြစ်သည်။ သက်ဆိုင်ရာ မေဂျာပေါင်းစုံမှ မိမိတို့သင်ယူနေသော ဘာသာစကားများ၏ ယဉ်ကျေးမှုကို ပြသသော ကပွဲဖြစ်သည့် Culture Showကျင်းပသည့် အချိန်ပင် ဖြစ်သည်။ ကျောင်းကဦးစီးပြီး ကျင်းပသည့် ပွဲဖစ်သည့်အတွက် အတန်းများလွှတ်ပေးထားသည်ဟုလည်း ဆိုနိုင်သည်။ အချို့ကျောင်းသားများကတော့ ပွဲကိုတက်ကြွစွာ လာကြည့်ကြသည်။ အချို့ကမူ ပွဲကိုအကြောင်းပြကာ ကျောင်းလစ်သည့် သူများလည်းရှိသည်။
MUFL၏ ဟောခန်းမဖြစ်သည့် သီရိရတနာခန်းမတွင် ကျောင်းသားကျောင်းသူများ ၊ ဆရာဆရာမများဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်။ အချို့ကလည်း နာမည်စာရင်းပေးထား၍ နေရာရကြသည်။ အချို့ကမူ တံခါးပေါက်နားတွင် မိုးတိုးမက်တပ်ဖြင့် မျက်စိနှောက်စရာကောင်းလှသည်။
ထိုအချိန်တွင် ဟောခန်းအပြင်ဘက်နားတွင် အုပ်စုလိုက်စုကာ စကားပြောကာ ရင်ခုန်နေကြသော ဂျာမန်မေဂျာ ကျောင်းသားများအုပ်စု။ အားလုံး ဂျာမန်ရိုးရာအင်္ကျီကို အရောင်သွေးစုံအောင် ဝတ်ဆင်ထားကြသည်။ အပမ်း၊ နီညို ၊ အစိမ်းစသဖြင့် အတွဲကိုယ်စီ ဝတ်ဆင်ထားသည်။ ဂျာမန်ရိုးရာဝတ်စုံမှာ ယောကျာ်းလေးများအဖို့ ရှပ်အင်္ကျီ၊ ဘောင်းဘီတိုဖြစ်ပြီး မိန်းကလေးများမှာလည်း ခြေသလုံးနားတွင် ဝဲနေသည့် ဂါဝန်ကို ဝတ်ဆင်ထားသည်။
သက်တန့်လင်းနှင့် တယောတို့မှာ အပန်းရောင်လေးကို ဝတ်ဆင်ထားကြသည်။ သက်တန့်လင်းမှာလည်း အသားဖြူ၍ အပန်းရောင်လေးနှင့် ထင်းပြီးလှနေသည်။ တယောမှာလည်း ဆံပင်တိုလေးနှင့် ဂါဝန်မှာ အလွန်ပင် လိုက်ဖက်လှသည်။
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...