Unicode below
သက်တန့်လင်းလည်း တေဇာပိုင်နောက်မှ လိုက်သွားရာ ကားဆီသို့ပင် ရောက်လာသည်။ တေဇာပိုင်က ကားပေါ်တက်တော့ သက်တန့်လင်းကလည်း တက်ရန်ပြင်လေသည်။
"နေဦး မင်းကားနဲ့ လိုက်လေ ဘာလို့ ငါ့ကားပေါ်တက်တာလဲ" တေဇာပိုင်က ကားထဲမှ နေ၍ မေးရာ သက်တန့်လင်းလည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးကို ကုတ်လေသည်။
"မင်းကလည်း မင်းပြန်ပို့စရာ မလိုပါဘူး" သက်တန့်လင်း ပြောရင်း ကားပေါ်ဇွတ်တက်လာလေသည်။
တေဇာပိုင်ကတော့ သိပ်မကျေနပ်ချေ။ သက်တန့်လင်းလည်း တေဇာပိုင်နှင့် အနေစိမ်းနေ၍ တစ်လမ်းလုံး စကားတောင် မပြောမိဘဲ လိုက်လာမိသည်။ တေဇာပိုင်တို့ အိမ်ရောက်တော့ ဒေါ်ဇာခြည်ထွက်ကြိုလေသည်။
"အော် သူငယ်ချင်း အသစ်လေးပါလား" သက်တန့်ကတော့ ဒေါ်ဇာခြည်ကို ပြုံးသာပြလေသည်။
"မင်း ဧည့်ခန်းထဲမှာပဲ စောင့်နေလိုက် ငါ အ၀တ်စားလဲပြီး ဆင်းခဲ့မယ်" တေဇာပိုင် ပြောရင်း သူ့အခန်းဆီသို့ ထွက်သွားသည်။ ဒေါ်ဇာခြည်လည်း အနောက်မှ လိုက်သွားလေသည်။
"သား ဘယ်ကကောင်လေး ခေါ်လာတာလဲ ပုံစံကြည့်ရတာ သပ်သပ်ရပ်ရပ်ဆိုပေမယ့် သိပ်သဘောမတွေ့မိဘူး"
သက်တန့်လင်း ၀တ်စားထားသည့် ဘောင်းဘီရှည် အကျီင်္တို့ကို ကြည့်ပြီး ဒေါ်ဇာခြည် တစ်ယောက် ကောက်ချက်ချလေသည်။
"သားတို့ အတန်းထဲက သူငယ်ချင်းပါ ကျောင်းပျက်တာ စာမမှီလိုက်လို့ စာပြန်သင်ပေးရမှာ"
"ကျောင်းကလည်း မမှန်ဘူး ဘာပဲဖြစ်ဖြစ် တေဇာ သိပ်အရောမ၀င်နဲ့နော် တော်ကြာ သား လူပေါင်းမှားနေမှဖြင့်"
တေဇာပိုင် သက်ပြင်း တစ်ချက်ချလိုက်သည်။
"မေမေ သား ကလေးမဟုတ်တော့ဘူး။ လူကောင်း ဟုတ်မဟုတ်တော့ သားလည်း ဆုံးဖြတ်တက်ပါတယ်ဗျာ သားအ၀တ်လဲတော့မယ်"
တေဇာပိုင်လည်း ပြောရင်း အခန်းထဲသို့ဝင်သွားလေသည်။ ဒေါ်ဇာခြည်ကတော့ သက်တန့်လင်းကို အကဲခတ်ရန် ချဉ်းကပ်လေသည်။
YOU ARE READING
My Fussy Boyfriend || Completed
Romance(Unicode + Zawgyi) (Unicode below) တေဇာပိုင် × သက်တန့်လင်း ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကိုစတွေ့ခဲ့တယ်။ အရွယ်နဲ့မလိုက်အောင် အချစ်လမ်းခရီးဟာ မချောမွေ့ခဲ့ဘူး။ ခက်ခက်ခဲခဲနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တယ်။ အချစ်စစ်တို့မည်သည်...