Chapter 13

28.7K 2.5K 158
                                    

Unicode below

နွေရာသီ၏ ပူပြင်းခြောက်သွေ့မှုကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်နေသည်။ အပူရှိန်ကို အံတုရန် အခန်းထဲတွင် လေအေးပေးစက် ဖွင့်ထားလေသည်။ အခန်းထဲတွင် လေးအေးပေးစက်မှ ထွက်လာသော တိုးတိတ်သည့် လေသံအချို့သာ ကြားရပြီး အထီးကျန်စရာ ကောင်းလှသည်။ သက်တန့်လင်း တစ်ယောက် ကုတင်ပေါ်တွင် လှဲအိပ်ကာ စောင်ကို ခေါင်းထိလုံအောင် ခြုံထားသည်။

သူ တေဇာပိုင်၏ မွေးနေ့ညက ပြန်လာသည့် အချိန်မှစ၍ အခန်းတွင်းအောင်း နေသည်မှာ တစ်ရက်ပင် ရှိခဲ့ပြီ။ အခန်းတံခါးကိုပါ လော့ချထားသည့်အတွက် မေးထူးခေါ်ပြောလာလုပ်ကြသော်လည်း အသံတိတ်လျက်ရှိသည်။ လှဲအိပ်ထားသည့် ခေါင်းဦးမှာလည်း မျက်ရည်များကြောင့် စိုစိစိုစိဖြစ်နေသည်။ ကြိုးစားပြီး စိတ်ကို ထိန်းထားသော်လည်း တွေးမိတိုင်း မျက်ရည်ကျမိသည်။ သူ တေဇာပိုင့်ကို ထိုမျှ ချစ်သည်။

ထိုစဉ် vibrate ချထားသော ဖုန်းက ကုတင်ဘေးရှိ စားပွဲပေါ်တွင် တကျီကျီမြည်ကာ တုန်ခါနေသည်။ ဖုန်း၏ မျက်နှာပြင်ပေါ်တွင်လည်း ဇီဇာပိုင်ဆိုသည့် နာမည်လေးက ထင်းနေသည်။ သက်တန့်လင်း ထမကိုင်။ တေဇာပိုင် ဖုန်းခေါ်နေသည်မှာ ဆက်တိုက်ပင်။ မွေးနေ့ပွဲကတည်းက နှုတ်မဆက်ဘဲ ထွက်သွားသည့် အချိန်မှစ ယခုချိန်ထိ ဖုန်းကို တစ်နာရီခြား နှစ်နာရီခြားတစ်ခါ ခေါ်နေသည်။

သက်တန့်လင်း လုံးဝကို ပြန်မဖြေခဲ့ချေ။ ဒီတစ်ခါတော့ ဖုန်းသည် ရပ်တန့်မသွား။ တေဇာပိုင်တစ်ယောက် မကိုင်မချင်း ခေါ်မည်ဟု စဉ်းစားထားသည် ထင်ပါရဲ့။ ၁၅မိနစ်ကြာသော်လည်း ရပ်မသွား။ ဒီလိုဖြင့် ဖုန်းခေါ်နေသည်မှာ ၄၅မိနစ်တိုင် ရှိလာခဲ့သည်။ Missed calls များမှာလည်း တဖြည်းဖြည်း များလာခဲ့သည်။ ဖုန်း၏ vibrate သံက သက်တန့်လင်းကို အနှောင့်ယှက်ပေးသည့်တိုင် ဖြစ်လာသည်။

သက်တန့်လင်း စိတ်မရှည်တော့။ အရင်ဆုံး ခြုံထားသည့် စောင်ကို ဖယ်ကာ မျက်လုံးတွေ ကြိုးစားဖွင့်လိုက်သည်။ ပိတ်မထားမိသည့် မီးရောင်ကြောင့် မျက်လုံးထဲ စူးကနဲဖြစ်လာသည်။ မျက်လုံးနှစ်ဖက်မှာလည်း ငိုထားပြီး အိပ်ပဲအိပ်နေသည်မို့ မို့တက်နေကာ သက်တန့်လင်း၏ နဂိုမှေးနေသည့် မျက်လုံးများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။ သက်တန့်လင်း ငေါက်ကနဲ ထထိုင်လိုက်သည်။ ရုတ်တရက် ဖြစ်သောကြောင့် ခေါင်းထဲ ရိပ်ကနဲ မူးတက်လာသည်။ ထို့နောက် အဆက်မပြတ် မြည်နေသည့် ဖုန်းကို စက်ပိတ်ပစ်လိုက်သည်။ လေပူတွေကို တစ်ချက်မှုတ်ထုတ် လိုက်သည်။

My Fussy Boyfriend || CompletedTempat cerita menjadi hidup. Temukan sekarang