<1>

15.7K 774 88
                                    

-Zawgyi-

တ​လောကလုံးကို အ​ရေးမစိုက်​ဘူးဟု ​ကြွေး​ကြော်​ခဲ့စဉ်​က ​ဦး​ကို​မော့၍။ ကိုယ့်​ကိုကိုယ်​ထက်​ ဘယ်​အရာကို ပိုတန်​ဖိုးရမှာလဲ ​မေးခဲ့စဉ်​က မာန်​ကိုချီ၍။
အခုဘ၀နှင့်​ လားလားမှမသက်​ဆိုင်​။

ပေတရာဘ၀ထဲ လုပ်​ချင်​ရာလုပ်​၊ ​နေချင်​ရာ​နေလာခဲ့သမျှ ထိုလူသားကို ​ရော့အင့်​ဆိုပြီး လက်​ထဲထိုးထည့်​​ပေးလာမှ ​ဇောက်​ထိုးမိုး​မျှော်​ဖြစ်​ခဲ့ရ​သော ကျ​တော့်​ဘ၀ကြီး။

စိတ်​​တော့မကုန်​၊ ၀မ်းပမ်းတသာလည်းမဟုတ်​။ လက်​​ဆောင်​မကျ၊ ပြစ်​ဒဏ်​မမည်​ ထိုလူသားကို လိုလိုချင်​ချင်​ လက်​ခံထားမိသည်​ပဲ​လေ။ ခလုတ်​တိုက်​ပြီး ​ရောက်​လာရာမှ ​ရော့​နေဆိုပြီး နှလုံးသား​ပေါ်ဖျာခင်း​ပေးမိခဲ့တာ။ မှားမှားမှန်​မှန်​ သူက​တော့ ​ပျော်​​ပျော်​ကြီး လှဲအိပ်​​နေ​တော့တာပဲ။ နည်းနည်းမှ အားနာမှုမရှိပါပဲ။ အမြင်​ကတ်​လှစွာ​သော ထိုလူသား။

တဒိတ်​ဒိတ်​​တိုးလာတဲ့နှလုံးခုန်​သံလို beat သံ​ပြင်းပြင်း​လွှမ်း​သောကလပ်​ထဲ လူ​တွေကြား တိုးကာ​ဝှေ့ကာ အပြူးအပြဲရှာရသည်​။ ထိုလူသားကို။ အိမ်​ပြန်​မလာတာ နှစ်​ရက်​နဲ့ သုံးည။ ဘယ်​​လောက်​ပဲပစ်​ထားမယ်​​ပြော​ပြော ၀င်​ချင်​၀င်​၊ထွက်​ချင်​ထွက်​ ဇရပ်​လိုသ​ဘောထားတာ​တော့ နည်းနည်းမှမကြိုက်​။

ထင်​တဲ့အတိုင်း ​ထောင့်​ကျကျ​နေရာတစ်​ခုမှာ ၀ီစကီ​လေးတမျှမျှ၊ ​ဆော်​​လေးတစ်​​ပွေအနားထားရင်း ​ပျော်​​မွေ့​နေ​သော ထို​အ​​ပေအ​တေ​ကောင်​။ စုပ်​သပ်​မိပြီးမှ သူ့အနားကို ​လျှောက်​သွားမိတယ်​။ ​ချောင်းတစ်​ချက်​အဟန့်​မှာ လှည့်​ကြည့်​လာပြီး သိသိသာသာမဲ့သွား​သောမျက်​နှာ။ သူ စုပ်​သပ်​ပစ်​တယ်​။

"ကျစ်​... ဘာလာလုပ်​တာလဲ"

ပေ​စောင်း​စောင်းကြည့်​လာတဲ့ရုပ်​သွင်​က ရိုက်​သတ်​ပစ်​ချင်​စရာ။ ​ဖြူ​ဖွေး​ဖွေးဆံပင်​​တွေနဲ့ နား​ပေါက်​​ပေါင်းများစွာက ဂျ​လေဘီလို့​ပြောစရာမလို​အောင်​။ လက်​စွပ်​​တွေဆိုတာလည်း လက်​​ချောင်းတိုင်းလိုလိုမှာ အကွင်းလိုက်​။ ​မှေးပါတယ်​ဆိုတဲ့မျက်​လုံးကိုမှ အမြဲကျုံ့ထား​​သေး။ အရယ်​အပြုံးဆိုတာ နည်းနည်းမှမရှိ။ တစ်​ခါတစ်​​လေ သွား​သေး​သေး​လေး​တွေ​ပေါ်​အောင်​ ရယ်​တတ်​တာကလွဲရင်​။ တစ်​စက်​က​လေးမှ ချစ်​​မွှေးမပါတဲ့ ထိုအ​ကောင်​အား မ​တွေ့ရရင်​ လွမ်းတတ်​ပါတယ်​​လို့​ပြောရမှာ ​အောင့်​သက်​သက်​နဲ့။

Only My Shadow Knows {Completed}Where stories live. Discover now