<4>

4.1K 489 91
                                    

-Zawgyi-

" မင်​ယွန်းဂီ ထ​တော့ "

စောင်​ပုံ​ဖွေး​ဖွေးမှာ ​​ကွေး​နေ​အောင်​အိပ်​​နေသည့်​ အဖြူ​ကောင်​။ ကျ​တော်​နိုး​တော့ မျက်​လုံးဖွင့်​ကြည့်​လာသည်​။ ပြီး..ချက်​ချင်း တစ်​ဖက်​လှည့်​ကာ ပြန်​အိပ်​သည်​။ ကျစ်​..ဒီအ​ကောင်​။

" ထ​တော့ဟ!! "

လည်​ပင်းမှာပတ်​ထားတဲ့ မျက်​နှာသုတ်​တဘတ်​နဲ့ မျက်​နှာတည့်​တည့်​ကို ချိန်​ပစ်​လိုက်​တော့ မလွဲတဲ့လက်​မို့ သူ့မျက်​နှာတည့်​တည့်​။

" ကင်​​မ်​​ဆော့ဂျင်​!!! ငါအိပ်​ချင်​​သေးတယ်​​နော်​ "

မျက်​နှာ​ပေါ်အုပ်​မိုး​နေတဲ့ တဘတ်​ကြားက ပလုံးပ​ထွေးထ​အော်​ပြီး တဘတ်​ကို ကျ​တော့်​ဆီပြန်​ပစ်​သည်​။ မျက်​လုံးမပွင့်​တဲ့ စူပုတ်​ပုတ်​မျက်​နှာ​ပေးက အသဲယားဖွယ်​အတိ။ ထိုအ​ကောင်​ကို စိတ်​တို​အောင်​ တမင်​စရခြင်းက ​ပျော်​ဖို့​ကောင်း​လေခြင်း။

" ထ​တော့ .. လို့ "

တစ်​ဆက်​တည်းမှာပဲ....

တစ်​ခြမ်း​စောင်းအိပ်​​နေရာမှ ဖက်​လုံးကိုခွထားသည်​မို့ လုံးထွက်​​နေတဲ့ တင်​နှစ်​ဖက်​ကို လက်​ဝါးအ​သေအချာပြင်​ပြီး ​ဖြောင်းကနဲ​နေ​အောင်​ ရိုက်​ချလိုက်​​တော့ ဝုန်းကနဲ ​ကောက်​ထလာကာ ကြင်​နာစွာ ကျ​တော့်​အား ကုတင်​​ပေါ်က ကန်​ချ​တော့သည်​။

ဒီလိုလုပ်​ရင်​ ဒီလိုဖြစ်​မယ်​ဆိုတာသိရက်​ သွားစပြီးမှ ပြုတ်​ကျသည်​ကိုလည်း မနာနိုင်​။ အရယ်​မရပ်​နိုင်​​အောင်​ တဟားဟားကျ​တော်​ရယ်​​တော့ ကုတင်​​ပေါ်က​နေ မျက်​​ထောက်​နီကြီးနှင့်​ ကြည့်​၏။

" ချီးလို့ ဖင်​ကိုလာရိုက်​တာလား "

ခပ်​ကျယ်​ကျယ်​ ယွန်းဂီ​အော်​​ပြော​တော့ ကြမ်းပြင်​​ပေါ်က​နေ လက်​​ထောက်​ထကာ သူ့နားနား ကိုယ်​ကိုကိုင်း၍ ရယ်​ကျဲကျဲဖြင့်​ ခပ်​တိုးတိုး​ပြောလိုက်​သည်​။

" တကယ်​ဆို ဖင်​​တွေချည်းချချင်​တာ "

"  ​ခွေး​ကောင်​!!! "

Only My Shadow Knows {Completed}Where stories live. Discover now