<19>

3K 390 52
                                    

မနက်​အ​စောပိုင်းမို့ ​ကော်​ဖီဆိုင်​​လေးတွင်​ လူသိပ်​များများစားစားမရှိ​သေး​ပေ။ ​ဆောင်းမနက်​ခင်းဆိုသည့်​အတိုင်း နှင်း​တွေကလည်းဖွဲတဲတဲနှင့်​ရှိ​နေသည်​။ ဆိုင်​ထဲဝင်​ကာ ​ထောင့်​တစ်​​နေရာကိုလှမ်းကြည့်​လိုက်​​တော့ ​ရောက်​နှင့်​​နေပြီဖြစ်​တဲ့ နယူး​ယော့ခ်​မှ ကျ​တော်​၏ ဆရာ။ စားဖိုမှူးကြီး။ တစ်​နည်းအားဖြင့်​ ဟန်​ဆိုရာ၏ဖခင်​။ ဆိုးလ်​ကို ​ခေတ္တ​ရောက်​ခိုက်​ ​လေယာဉ်​ချိန်​မတိုင်​မီ ​တွေ့ဖို့ ချိန်းဆိုထားခြင်း။

" Chef ကျ​တော်​​နောက်​ကျသွားတယ်​ထင်​တယ်​ "

နှုတ်​ဆက်​ရင်း မျက်​နှာချင်းဆိုင်​မှာ ဝင်​ထိုင်​လိုက်​​တော့ Chefက ​​သောက်​လက်​စ ​ကော်​ဖီခွက်​ကိုချကာ ခပ်​ပြုံးပြုံးနှင့်​ ​ခေါင်းခါပြ​သည်​။

" ​နောက်​မကျပါဘူးကွာ။ ငါက​စော​နေတာပါ။ မနက်စာ​ရော စားခဲ့ရဲ့လား ​ဆော့ဂျင်​ "

" ဟုတ်​ကဲ့ စားခဲ့ပါတယ်​ "

" ​အေး အအိပ်​အစားကိုလည်း ​သေချာဂရုစိုက်​။ အလုပ်​ထဲပဲနစ်​မ​နေနဲ့။ ဒါနဲ့ ​ခေါင်းကိုက်​တာ​ရော ဖြစ်​​သေးလား။ ​ဆေးရုံ​ရော သွားပြ​ရဲ့လား "

အလုပ်​ခွင်​မှာ အရင်းနှီးဆုံးဆရာတပည့်​​တွေ ဖြစ်​ခဲ့ကြတာမို့ Chefက ကျ​တော့်​အ​ကြောင်းသိကာ အမြဲစိုးရိမ်​​ပေးတတ်​သည်​။ တစ်​နယ်​တစ်​​ဝေးမှာ ​ခေတ္တခိုလုံခွင့်​ရခဲ့တဲ့ ​မေတ္တာရိပ်​ဆိုလည်း မမှား​ပေဘူး​ပေါ့။

" ​Chefက​တော့လုပ်​ပြီ။ အဲ့​လောက်​ကြီးစိတ်​မပူပါနဲ့။ ကျ​တော်​ ဂရုစိုက်​ပါတယ်​။ ​ခေါင်းကိုက်​တာကလည်း အဲ့​လောက်​ကြီးမဟုတ်​ပါဘူး "

" ​ပြောတာပဲ။ မင်းအ​ကြောင်းငါမသိရင်​ခက်​မယ်​ ​ဆော့ဂျင်​။ ကျန်းမာ​ရေး​တော့ ဂရုစိုက်​ကွာ။ မင်းတို့လူငယ်​​တွေက တယ်​ခက်​တယ်​။ အလုပ်​ကြိုးစားတာ​ကောင်း​ပေမယ့်​ ကိုယ့်​ကိုကိုယ်​လည်း ဂရုစိုက်​ဦး "

Chefက အစစအရာရာသတိထားတတ်​သူပီပီ စိုးရိမ်​စိတ်​​တော့ကြီးသည်​။ ကျ​တော်​ အလိုက်​သင့်​ပဲ ​ခေါင်းငြိမ့်​ပြလိုက်​၏။

Only My Shadow Knows {Completed}Where stories live. Discover now