<9>

4K 480 91
                                    

-Zawgyi-

နှောင်​ကြိုး​လေးတစ်​မျှင်​​လေးပါပဲ။ ထပ်​တိုးရစ်​ချည်​လိုက်​တဲ့ ​နှောင်​ကြိုး​လေးတစ်​မျှင်​။ ထာဝရဆိုတဲ့စကားကို ကျ​တော်​မယုံပါ။ သို့​သော်​ ယွန်းဂီနဲ့ပတ်​သက်​လျှင်​ ထာဝရဆိုတဲ့အရာအားလုံးသည်​ ကိုးကွယ်​ရာနတ်​ဘုရားလို ဖြစ်​​လာခဲ့သည်​။ ကံတရားဆိုတာ ယုံစားဖို့ခက်​တာမို့ ဘယ်​ထိလဲလို့ တပ်​အပ်​မ​ပြောနိုင်​​ပေမယ့်​....ကျ​တော်၏ခန္ဓာကိုယ်​နဲ့ အသက်​ဝိဥာည်​ ချုပ်​ငြိမ်းသည်​ထိ မင်​ယွန်းဂီတစ်​​ယောက်​သာ နှလုံးသား​ပေါ်မှာ စိတ်​ကြိုက်​ကခုန်​ခွင့်​ရှိသည့်​ တစ်​ဦးတည်း​သောသူ ဖြစ်​​​စေရမည်​။ ကျိန်​ဆိုရဲပါတယ်​။ တ​စ်​​လောကလုံးက နတ်​ဘုရားအားလုံးကို တိုင်​တည်​ပြီး​တော့​ပေါ့။

ချိစ်​အနည်းငယ်​ထည့်​ထားသည့်​ သီးစုံထမင်း​ကြော်​နဲ့ ​ကော်​ဖီပူပူတစ်​ခွက်​က သူ့အတွက်​မနက်​စာ။ တကယ်​ဆို နှစ်​​ယောက်​အတူထဖို့ စိတ်​ကူးထားလျက်​ ​ကျောင်းသွားရန်​ကိစ္စရှိလာသည်​မို့ စိတ်​ကူး​ကောင်း​လေး လက်​လွှတ်​ရပြန်​သည်​။ ​အေပရွန်​ကို ​ခေါင်းငုံ့ချွတ်​ခိုက်​ အာရုံထဲဝင်​လာသည်​က နှုတ်​ခမ်းကိုက်​ကာ ပြုံးရသည့်​ ညလှလှ။ ကျ​တော့်​ဂျ​လေဘီ​လေး ပင်​ပန်း​နေမှာ။ ဒါ​ပေမဲ့လည်း တဂွီဂွီမြည်​လာတဲ့ ဗိုက်​​ကြောင့်​ ယွန်းဂီကို သွားနိုးဖို့ ပြင်​လိုက်​သည်​။ မ​နေ့ညက ကျ​တော်​တို့နှစ်​​ယောက်​လုံး ညစာပင်​ ထမစားဖြစ်​ခဲ့တာမို့။

" ဗိုက်​ဆာလိုက်​တာ...."

ပါးစပ်​​ပေါ် လက်​ဝါးအုပ်​ပြီး သန်း​နေရင်းမှ မီးဖိုခန်းထဲဝင်​လာသည့်​ ကျ​တော့်​လူ။

" နိုးပြီလား "

" အင်း "

မှေးတဲ့ထဲပါ​သော သူ့မျက်​လုံးများက ဖွင့်​ထားသည်​ဟုပင်​ မထင်​ရ။ ခပ်​အစ်​အစ်​ဖြစ်​​နေတဲ့ ပါးနှစ်​ဖက်​က မျက်​နှာသစ်​ပြီးစမို့ ​ပြောင်​​ပြောင်​​လေးဖြစ်​​နေသည်​။ ခပ်​​သေး​သေးနှုတ်​ခမ်းက အိပ်​ချင်​မူးတူးနှင့်​မို့ အလိုမကျဟန်​တစ်​မျိုးရကာ ခပ်​စူစူဖြစ်​​နေ၏။ တံခါး​ဘောင်​ကို ကိုယ်​တစ်​ခြမ်းမှီကာ မပွင့်​သည့်​မျက်​လုံးများကို မှိတ်​၍ ဆံပင်​ကို ထိုးဖွ​နေ​လေသည်​။ ကျ​တော်​၏ မနက်​ခင်းသည်​ ထိုဂျ​လေဘီ၏ အလှတရားများနှင့်​ ပြည့်​စုံသွားပြန်​၏။ သ​ဘောကျစွာ ကျ​တော်​ ပြုံးမိသည်​။

Only My Shadow Knows {Completed}Where stories live. Discover now