<22> Ending

5.1K 422 122
                                    

ဖြူးကနဲ ဖြတ်​တိုက်​သွားသည့်​ ​လေ​အေးတချို့​ကြောင့်​ မှန်​ပြတင်း​ပေါက်​၏ဆွဲတံခါး​လေးကို ပြန်​ပိတ်​လိုက်​သည်​။ တစ်​ဖက်​ကပြတင်း​ပေါက်​​ဘောင်​​ပေါ်တွင်​​တော့ နှင်းခဲ​များက အ​ဖွေးသားနှင့်​။ ​ဆောင်းအကုန်​မို့ စီးနှင်း​တွေက အစွမ်းကုန်​ ​နေ့ညမ​ရွေးတဖွဲဖွဲကျ​ဆင်း​နေသည်​။ လမ်းမ​ထက်​တွင်​လည်း စီးနှင်း​များပြည့်​နှက်​​​နေကာ ​မြင်​မြင်​သမျှ​ဟာ​ဖွေး​ဖွေးဖြူ​ကာ​နေ၏​။ အိမ်​​ခေါင်​မိုး၊ ခြံစည်းရိုး၊ သစ်​ပင်​​တွေနှင့်​ ကား​​တွေ​ပေါ်ထိ စီးနှင်းများကအခန့်​သား​နေရာယူထားသည်​။ နှင်းများကြားက နယူး​ယော့ခ်​၏ ​ဆောင်းနံနက်​ခင်း။

ဘာရယ်​မဟုတ်​ ကျ​တော်​တစ်​ချက်​ပြုံးလိုက်​မိသည်​။ ​သေချာကြည့်​မိ​တော့ ယွန်းဂီပြင်​ထားတဲ့ ကျ​တော်​တို့အခန်းကလည်း အဖြူအတိနှင့်​ပင်​။ တ​လောကလုံး​ဖွေး​ဖွေးဖြူ​နေသမျှဟာ ဒီအခန်းထဲထိပါလား၊ အထူသဖြင့်​ ကျ​တော်​ဝတ်​ထားတဲ့ ဆွယ်​တာ​ကပါ အဖြူ​ရောင်​ဖြစ်​​နေခြင်း။ ထိုသို့​တွေးလိုက်​မိခြင်း​ကြောင့်​ ကျ​တော်​ပြုံးလိုက်​မိခြင်းဖြစ်​သည်​။ အဖြူ​ရောင်​ကန့်​လန့်​ကာနဲ့ အဖြူ​ရောင်​အိပ်​ယာခင်းက​တော့ ကျ​တော်​သ​ဘောကျတဲ့အရာ​တွေထဲက တစ်​ခု။ ဒီ​နေ့အတွက်​ ကျ​တော့်​စိတ်​​ရော၊ ကိုယ်​​ရော ​နေလို့​ကောင်း​နေသည်​။ အ​စောကြီးပင်​ နိုး​နေခဲ့သည်​မဟုတ်​လား။ အပြင်​ဖက်​​လောကဆီကို ​ငေး​နေမိတာပင်​ တစ်​နာရီ​လောက်​ရှိ​ရော့မည်​။ ယွန်းဂီက​တော့ ​အပြင်​သွား​နေတာဖြစ်​ပါလိမ့်​မည်​။

အခုရက်​ပိုင်း ကျ​တော့်​မှတ်​ဥာဏ်​​တွေ ​ကြောက်​စရာ​ကောင်း​အောင်​ တစ်​စတစ်​စချို့ယွင်း​လာ​နေသည်​မို့ ​နေ့ရက်​တိုင်းက အိပ်​မက်​ဆိုးတစ်​ခုနဲ့တူလာခဲ့တယ်​။ ဒီအလုပ်​ကိုလုပ်​ပြီးပြီလား မလုပ်​ရ​သေးဘူးလား စဉ်းစားမရ​တော့တာမျိုး။ ​​မနက်​အိပ်​ယာနိုးရင်​ မ​နေ့ကဖြစ်​ပျက်​ခဲ့သမျှ​တွေကို မမှတ်​မိ​တော့မှာမျိုးကို ကျ​တော်​​ကြောက်​ရွံလာတယ်​။ ​တဖြည်းဖြည်းနဲ့ အမှတ်​တရ​တွေကို​မေ့လာမယ်​။ မျက်​နှာ​တွေကို​မေ့လာမယ်​။ အထူးသဖြင့်​ "သူ"။ သူ့ကို ကျ​တော်​​မေ့သွားခဲ့ရင်​။

Only My Shadow Knows {Completed}Where stories live. Discover now