ဒီနေ့...စာမေးပွဲရဲ့နောက်ဆုံးနေ့ဖြစ်သည်။ တစ်ချို့တစ်ဝက်ထွက်လာသည့်ကျောင်းသူ၊ကျောင်းသားများကြား ယွန်းဂီရဲ့အခန်းရှေ့မှာ ရပ်စောင့်နေမိသည်။ စိတ်ကမငြိမ်။ လက်ကိုဆုပ်ချည်၊ ဖြန့်ချည်လုပ်ရင်း အခန်းထဲကို ခေါင်းကတိုးဝင်မတတ်ဖြစ်နေတယ်။ စာမေးပွဲဖြေတိုင်း ကိုယ့်ကိုကိုယ်ထက် ထိုအကောင်ကို ပိုစိတ်ပူရသည်။ အရင်ရက်တွေက ဖြေနိုင်လားလို့ မေးရင်တော့ အေးစက်စက်မျက်နှာပေးဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။
ဒီနှစ်တော့ ဂျလေဘီကောင် အောင်မှဖြစ်မည်လေ။ ကျတော်ကဘွဲ့ရပြီး သူက ဒုတိယနှစ်ကို သုံးခါမြောက်ပြန်နေရရင်တော့ မဟုတ်သေး။" အဟွန်း "
ချောင်းတစ်ချက်အဟန့်ကြောင့် အတွေးပြန်လည်လာပြီး မော့ကြည့်လိုက်တော့ ကျတော့်ဂျလေဘီ။
" ယွန်းဂီ မင်းဖြေနိုင်လား "
" အင်း "
" တကယ်ဖြေနိုင်ရဲ့လား၊ မေးခွန်းကခက်လား ပြစမ်း "
" ဖြေနိုင်ပါတယ်ဆို မင်းကလည်း.. မင်းလောက်ငါ့ကိုသေမလိုစာကျက်ခိုင်းထားတာ မဖြေနိုင်စရာလား "
ဂျလေဘီရဲ့ ဘောက်ဆတ်ဆတ်အပြောကြောင့် ဟက်ကနဲရယ်ချမိပြီး သူ့ဆံပင်တွေကို ထိုးဖွလိုက်တယ်။ ဒီတော့လည်း ကျတော့်ဂျလေဘီက လက်ကို တွန်းချပြီး မျက်မှောင်ကြုတ်သည်။
" မင်းကရော..ဖောင်တင်ပြီးပြီလား "
သူမေးလာကာမှ US.သွားမယ့်အရေး သတိရကာ စိတ်ညစ်သွားရသည်။
" မတင်ရသေးဘူး "
" ကျစ်...ဒီနေ့နောက်ဆုံးတင်ရမှာမလား "
စုတ်သပ်ကာပြောလာတဲ့သူ့ကို လှမ်းကြည့်ရင်း သက်ပြင်းကဖွဖွချမိသည်။
" ယွန်းဂီ ငါတကယ်ပဲသွားရမှာလား "
" လာပြန်ပြီ ဂျင်ရာ! သွားပါလို့ ငါဘယ်နှခါပြောရမလဲ "