<15>

3.3K 452 166
                                    

အသက်​ရှူသံမျှင်းမျှင်းပင်​မကြားရ​တော့တဲ့ အခန်းငယ်​ရဲ့တိတ်​ဆိတ်​ခြင်းကို ဖြိုခွဲလိုက်​သည်​က သူ့​ခြေသံ။ တ​ရွေ့​ရွေ့ထွက်​သွား​တော့မယ့်​သူ။ နှင်း​တွေက​တော့ အပြင်​ဖက်​​ဆီမှာ တဖွဲဖွဲကျဆင်း​နေဆဲဖြစ်​၏။

" အ​ကြောင်းပြချက်​....အ​ကြောင်းပြချက်​ကဘာလဲ မင်​ယွန်းဂီ ? "

ဆိုဖာ​ပေါ်ကတုတ်​တုတ်​မလှုပ်​ဘဲ ကြမ်းပြင်​ကိုသာ စိုက်​ကြည့်​ရင်း ကျ​တော်​​မေးလိုက်​​တော့ တိတ်​သွားတဲ့ သူ့​ခြေသံ​တွေ။ ​ခေါင်းငဲ့ကာ လှည့်​ကြည့်​​တော့ ​တံခါးလက်​ကိုင်​ကိုဆုပ်​ကိုင်​ရင်း ရပ်​တန့်​​နေတဲ့သူ။ သူ့​ကျောပြင်​မှာ တစ်​စီ​သောကျ​တော့်​နှလုံးသား​တွေ ကပ်​ပါသွားခဲ့တာ​တော့ သူ​ဘယ်​သိပါ့မလဲ။

" ​ဖြေစမ်းပါ...အ​ကြောင်းပြချက်​​တော့ ငါ့ကို​ပေးခဲ့စမ်းပါ "

ကျော​ပေးထားတဲ့သူ့ထံမှ ဘာအသံမှ ထွက်​မလာခဲ့။ အနားသွားကာ တုတ်​တုတ်​မလှုပ်​တဲ့ သူ့ကိုယ်​ကို ကျ​တော့်​ဖက်​ဆွဲယူပစ်​လိုက်​ရင်း..,,,

" ​ပြော​လေ...​လမ်းခွဲရမယ့်​အ​ကြောင်းရင်းကို​တော့ ​ပြောသင့်​တယ်​မဟုတ်​လား။ ​ပြောစမ်းပါ မင်​ယွန်းဂီ..​ပြောစမ်းပါ! "

ပုခုံးနှစ်​ဖက်​ကိုကိုင်​လှုပ်​ပြီး ​မေးတာကိုပင်​ သူ့နှုတ်​က ဘာတစ်​ခွန်းမှထွက်​ကျမလာ။ ​အေး​စက်​​တဲ့အသွင်​နဲ့ မျက်​လွှာ​တွေကိုမှိတ်​ချပစ်​သည်​။

" မလိုအပ်​​တော့ဘူးလား..ယွန်းဂီ။ ငါက မင်းအတွက်​ ဘာမှအသုံးမဝင်​​တော့ဘူးလား? ဟင်​? ​ပြောစမ်းပါ...မင်းပါးစပ်​ကထွက်​ပြီး ငါ့အတွက်​ အ​ကြောင်းပြချက်​​လေး​တစ်​ခု​လောက်​​ပေးခဲ့ပါ "

ကွဲ​ကြေ​နေတဲ့နှလုံးသားနဲ့အပြိုင်​ ကျ​တော့်​အသံ​တွေပါ အက်​​ကွဲ​လာတယ်​။ ဥပက္ခာပြုသလို မျက်​လွှာချထားတဲ့ သူ့ပုံစံက ပိုပြီးဒီနှလုံးကို ဖြစ်​ညှစ်​တယ်​။

" မင်းမကြိုက်​တဲ့အရာ​တွေ ငါလုပ်​မိလို့လား? ဒါမှမဟုတ်​ သုံးနှစ်​...သုံးနှစ်​လုံး.. မင်းကိုခွဲသွားခဲ့လို့လား? ဟင်​? မင်းစိတ်​ဆိုး​နေတာမလား...အဲ့ဒါမို့....."

Only My Shadow Knows {Completed}Where stories live. Discover now