<8>

4.3K 507 130
                                    

-Zawgyi-

This part is MYG's pov
-
-
-

မ​နေ့ညက သည်းကြီးမဲကြီးရွာသွန်းခဲ့​သောမိုးသည်​ အခု​တော့သူမဟုတ်​​တော့သ​ယောင်​။ ​နေ​ရောင်​က မျက်​နှာ​ပေါ်၊ မဟုတ်​​သေး မျက်​လုံး​ပေါ် စူးကနဲ။ ဒီလိုက်​ကာကိုဖွင့်​ပြန်​ပြီ ကင်​မ်​​ဆော့ဂျင်​ကွာ။ ထ​ဆဲရန်​ မျက်​လုံး​တွေအားယူဖွင့်​လိုက်​​တော့ ပြတင်း​ပေါက်​နားမှာ ခုံ​ပေါ်မတ်​တပ်​ရပ်​ပြီး ခုန်​ဆွခုန်​ဆွလုပ်​​နေတဲ့ က​လေးတစ်​​ကောင်​။ ဘယ်​က က​လေးလဲ။

" ဟိတ်​ မင်းဘယ်​သူလဲ "

အိပ်​ယာ​ပေါ်ကမထဘဲ လှမ်း​မေး​တော့ ထိုက​လေးမက ကျ​တော့်​ကိုလှည့်​ကြည့်​သည်​။ မျက်​လုံးဝိုင်းဝိုင်း၊ နှုတ်​ခမ်းဖူးဖူးနဲ့ မူကြိုအရွယ်​ ချာတိတ်​မ​လေး။

" ဦး​​လေးကြီးက​ရော ဘယ်​သူလဲ "

အမယ်​....လက်​​တောက်​​လောက်​​လေးက လူကိုပြန်​​ဟောက်​​နေ​သေးတယ်​။

" ငါ့ငါဘယ်​သူဖြစ်​ဖြစ်​​ပေါ့...မင်းက သူများအိမ်​လည်းလာ​သေး...ဘယ်​သူလဲပြန်​​မေး​နေရလား "

" ဟွန်း...ဒီအိမ်​က ဂျင်​နီးအိုပါးရဲ့အိမ်​ပါ​နော်​ ၊ ဦး​လေးကြီးအိမ်​လည်း မဟုတ်​ဘဲနဲ့ "

နှာ​ခေါင်းရှုံ့ပြပြီး မဲ့ကာရွဲ့ကာလုပ်​​နေတဲ့ က​လေးမ​ကြောင့်​ အိပ်​ယာ​ပေါ်က​ကောက်​ထပြီး အနား​လျှောက်​သွားလိုက်​တယ်​။ ​ပေါက်​စန​လေးက လာ​ကြောတာ​တော့ နည်းနည်းမှမခံနိုင်​။ ဘာတဲ့ ဂျင်​နီးအိုပါးတဲ့...ဒါဆို ဟို​ကောင့်​အမျိုး​တွေထဲကပဲဖြစ်​မှာ​ပေါ့။

" ဒီမှာ....."

" သွားမတိုက်​ရ​သေးဘဲ အနားမလာနဲ့​နော်​ ဦး​လေးကြီး၊ နံတယ်​..သွားသွား "

ပြောလိုက်​ပုံကိုက...ကျ​တော့်​မှာ ပါးစပ်​​လေး​ဟောင်း​လောင်းပွင့်​သွားရသည်​။ ထထုလိုက်​ရရင်​လည်း မ​ကောင်းရှိအုံးမယ်​။

" ဒီမှာက​လေးမ...လူကြီးအိပ်​​နေရင်​ လိုက်​ကာမဖွင့်​ရဘူးဆိုတာ မသိဘူးလား၊ မင်းကိုဘယ်​သူမှသင်​မထားဘူးလား "

Only My Shadow Knows {Completed}Where stories live. Discover now