<2>

5.7K 575 55
                                    

-Zawgyi-

့ခပ်​သွက်​သွက်​​လျှောက်​လာပါ​သော ​ခြေလှမ်းတို့​၌ အပူမကင်းသည့်​ ​ကြောင့်​ကြရမှု။ မင်​ယွန်းဂီဆိုသည့်​ ကျ​တော်​၏အပူလုံးကြီးအား တစ်​​ယောက်​တည်းထားခဲ့ရခြင်းအပါ် ရတက်​မ​အေး။ ​ကျောင်းအတူမလာရသည်​ကို အခွင့်​​ကောင်းယူ၊ အ​ပျော်​လွန်းပြီး အိမ်​မှာနှပ်​​နေမှာမလွဲ။ ဒါကအ​ကြောင်းမဟုတ်​... မ​တော်​, ​သွေးပူ​လေ့ကျင့်​ခန်းဆိုကာ အပြင်​ထွက်​ရန်​ဖြစ်​​နေ​မှ.....။

"ဟဲ့ ​ဆော့ဂျင်​!! ကင်​​ဆော့ဂျင်​!!! အမယ်​​လေး ​ခေါ်လိုက်​ရတာ နင့်​နှယ်​။ အဲ့​လောက်​မြန်​မြန်​​လျှောက်​ရ​အောင်​ နင့်​​နောက်​ဘယ်​ကျားများ လိုက်​​နေလို့လဲ"

အ​ပြေးအလွှားအနား​ရောက်​လာသည့်​ အယ်​ရာက နှုတ်​ခမ်းစူကာ ဆိုသည်​။

" အာ ... ​ဆောရီး။ ​ကျောင်းမတက်​ခင်​ အိမ်​တစ်​​ခေါက်​ပြန်​ရအုံးမှာမို့ နည်းနည်း​လောသွားတယ်​"

"အယ်​..ဘာလို့"

" ယွန်းဂီ​လေ ၊ သူ့ကိုတစ်​​ခေါက်​ပြန်​​ခေါ်ရအုံးမှာ"

ပြုံးကာကျ​တော်​​ပြော​တော့ အယ်​ရာကပုခုံးကိုထု၍ 'သူ့ဟာကြီးကို တအား​တွေချစ်​​နေတာ'ဟု နှာ​ခေါင်းရှုံ့၏။ အင်း ... ချစ်​တာ၊ မချစ်​တာ​တွေ အသာထား။ တစ်​ဘ၀စာဆုပ်​ကိုင်​ထားရတဲ့မီးခဲတုံးကြီးက မျက်​စိ​အောက်​က​ပျောက်​တာနဲ့ ပြဿနာရှာတတ်​လွန်းတာ ကိုယ်​သာသိသည်​​လေ။

ကျောင်းအုပ်​ကြီးရုံးခန်းနှင့်​နီးလာ​တော့ ဆရာ၊ဆရာမ တချို့ကို​တွေ့ရသည်​။ ဦးညွတ်​နှုတ်​ဆက်​ပြီး​နောက်​ ချီးကျူးစကားတချို့ပါကြားရသည်​။ စာဂျပိုးမဟုတ်​​သော်​လည်း မဆိုစ​လောက်​ဥာဏ်​က​ကောင်း​နေပြန်​​တော့ စာ​တော်​သည်​ဟုဆိုကာ မျက်​နှာရသည်​​ပေါ့။ ဒါကပဲ ဟိုဂျ​လေဘီ​ကောင်​အတွက်​ ​ကောင်းခဲ့သည်​ပဲ​လေ။ ​ကျောင်းထုတ်​ခံရနီးနီး ပြဿနာရှာတာ​တောင်​ ကင်​​ဆော့ဂျင်​မျက်​နှာနဲ့ သက်​သာရာရခဲ့သည်​ချည်း။

" ​ဆော့ဂျင်​ ​ရေ ... ​ရောက်​​နေပြီသိလား၊ မြန်​မြန်​​ပြောပြီး မြန်​မြန်​ပြန်​လို့ရပါတယ်​​ "

Only My Shadow Knows {Completed}Where stories live. Discover now