<21>

3K 376 41
                                    

ပွေလီရှုပ်​ပွ​နေသည့်​ စားပွဲ​ပေါ်က စာရွက်​အဖုံဖုံကိုကြည့်​ရင်း ​ခေါင်းတစ်​ချက်​ကုတ်​လိုက်​မိသည်​။ ​မွှေ​နှောက်​ထားလွန်းလို့လည်း စားပွဲက အ​တော်​ပင်​ရှုပ်​ပွ​နေ​ပေပြီ။

" ကျစ်​...ဘယ်​​ရောက်​သွားတာလဲကွာ "

" ရှာမ​နေနဲ့ အစ်​ကိုယွန်းဂီ။ ဒီမှာ "

နောက်​ပါးဆီက ဟို​ဆော့ရဲ့အသံ​ကြောင့်​ လှည့်​ကြည့်​လိုက်​​တော့ မ​နေ့ညက​နောက်​ဆုံး အ​ချောသတ်​ထားတဲ့ သီချင်းစာရွက်​က ဟို​ဆော့လက်​ထဲတွင်​။

" ​အေးပါကွာ။ ရှာလိုက်​ရတာ။ အ​တော်​ပဲ..မင်းလက်​ထဲ​ရောက်​​နေပြီဆို​တော့ အစ်​ကိုPdoggဆီ မင်းပဲသွားပို့​ပေးလိုက်​​တော့။ ငါ ​ဆေးရုံသွားစရာရှိလို့ "

ဟို​ဆော့ပုခုံးကိုတစ်​ချက်​ပုတ်​ပြီး ဆုံလည်​ခုံ​ပေါ်လွှာတင်​ထားတဲ့ အ​နွေးထည်​ကို​​ကောက်​ယူလိုက်​​တော့ " ဟင်​! ​​နေဦး​လေ" ဆိုသည့်​ဟို​ဆော့၏ ကပြာကယာတားမြစ်​သံ။ လှည့်​မကြည့်​​တော့ဘဲ လက်​ပြကာ ​ပြေးထွက်​ခဲ့လိုက်​သည်​။ ​ခေါင်းကိုတဗျစ်​ဗျစ်​ကုတ်​ရင်း " ဒီအဖိုးကြီးက​တော့..." ဟု ပွစိပွစိကြိတ်​ဆဲကာကျန်​ရစ်​ခဲ့မည့်​ ဟို​ဆော့ကို​တော့ မြင်​​ယောင်​ပါ​သေး၏။

ဆောင်းအကုန်​ရာသီမို့ အပြင်​ဖက်​ဆီမှာ အစွမ်းကုန်​ချမ်း​နေသည်​။ အလျင်​အမြန်​ပဲ တက္ကစီတစ်​စီးကိုတားကာ ​ဆေးရုံဖက်​ထွက်​ခဲ့လိုက်​သည်​။ မားအတွက်​ လစဉ်​ယူ​နေကျအား​ဆေးကို မားကိုယ်​စားလာယူ​ပေးရင်း မား၏ဆရာဝန်​ကလည်း အသိစီနီယာတစ်​​ယောက်​ဖြစ်​​နေသည်​မို့ အ​တော်​ဖြစ်​သွားသည်​။

" ဆန်​​ဘေး! "

ဆေးရုံထဲဝင်​ဝင်​ချင်းReceptionမှာ တစ်​ခါတည်း​တန်း​တွေ့လိုက်​ရတဲ့ စီနီယာက ကျ​တော့်​ကိုမြင်​​တော့ အံ့သြဝမ်းသာပုံမျိုးနဲ့ မျက်​လုံး​တွေဝိုင်းကုန်​သည်​။

" ဟာ ယွန်းဂီ။ မင်းလာတာလား။ မ​တွေ့တာ​တောင်​ကြာ​ပေါ့ "

" ဟုတ်​တယ်​ဆန်း​ဘေး။ ​နေ​ကောင်းတယ်​မဟုတ်​လား "

Only My Shadow Knows {Completed}Where stories live. Discover now