<5>

3.8K 526 57
                                    

" မင်​ယွန်းဂီ ​ဒါကဘယ်​လဲ "

ခပ်​​အေး​အေး ကျ​တော့်​အသံကိုကြား​တော့ အုတ်​တံတိုင်း​ကျော်​ဖို့ပြင်​​နေတဲ့ ယွန်းဂီ​ခြေလှမ်း​တွေတန့်သွားသည်​။ လှည့်​ကြည့်​လာကာ ကျစ်​ကနဲ စုပ်​သပ်​သည်​။ အုတ်​တံတိုင်း​ပေါ်မှာ ခွလျက်​သား သူ့လူနှစ်​​ယောက်​ကလည်း ကျ​တော့်​ကို ပြူး​ကြည့်​​နေကြသည်​။ အနားမသွားဘဲ ​ဘောင်းဘီအိတ်​ကပ်​ထဲလက်​ထည့်​ကာ ​​ခြေထိပ်​နဲ့ ခဲတစ်​လုံးကို လှိမ့်​​နေလိုက်​တယ်​။

" ဒီ​နေ့တစ်​ရက်​ပဲ ​ဆော့ဂျင်​ရာ၊ ​နောက်​​နေ့ ငါ​ကျောင်းတက်​မယ်​။ အခုအ​ရေးကြီး​နေလို့ "

ခွင့်​​တောင်းတာထက်​ ပြီးပြီး​ရော​ပြော​နေတဲ့ ယွန်းဂီကို ကျ​တော်​မျက်​​မှောင်​ကျုံ့ကြည့်​လိုက်​တယ်​။

" မင်း ရန်​သွားဖြစ်​အုံးမလို့လား "

" မဖြစ်​ဘူး၊ ဒါကဒီအတိုင်း အ​ရေးကြီးလို့ကွာ "

" အစ်​ကိုယွန်းဂီ မြန်​မြန်​၊ ​နောက်​ကျ​နေပြီ "

အုတ်​တံတိုင်းကို​ကျော်​ပြီး ပြူထွက်​လာတဲ့ ​ခေါင်းတစ်​လုံး။ ဟိုအသစ်​​ကောင်​ လီ​ဆောင်းဟို။

ယွန်းဂီက ထိုအ​ကောင်​ကို ​ခေါင်းငြိမ့်​ပြပြီး ကျ​တော့်​ကို တစ်​ချက်​ပြန်​ကြည့်​သည်​။

" ငါသွားပြီ "

တုံ့ဆိုင်းခြင်းမရှိဘဲ သူ့လူ​တွေလက်​ကို ဖမ်းဆွဲကာ အုတ်​တံတိုင်းကို ​ကျော်​ခွတက်​၍ လှစ်​ကနဲ​ပျောက်​သွားခဲ့သည်​။ ​ဒေါသ​ကြောင့်​ နီရဲတက်​လာတဲ့ ကျ​တော့်​မျက်​နှာ။ လက်​သီးကို တင်းတင်းဆုပ်​လျက်​ ​ခြေနဲ့လိမ့်​​နေတဲ့ခဲကို ကန်​ပစ်​လိုက်​သည်​။

တောက်​!!!!

နှစ်​ရက်​အတွင်း အဲ့​လောက်​​တောင်​ ရင်းနှီးသွားကြပြီ​​ပေါ့။

>>>>>>>>>

ဖုန်းကိုစိုက်​ကြည့်​​နေရ​င်း တစ်​ရက်​လုံး အဆက်​အသွယ်​မလုပ်​တဲ့ ဟိုအ​ပေ​အ​တေ​ကောင်​ကို ကျိန်​ဆဲ​နေမိသည်​။

Only My Shadow Knows {Completed}Where stories live. Discover now