Unit - 6

767 85 0
                                    

Arthit'pov

shitt....ငါဘလိုလုပ်ရပါ့မလဲ....Yo ဆိုတဲ့ ကောင်လေးရဲ့ မျက်နှာနဲ့ အဆင်ပြေဖို့ ဘာမှ အဆင်သင့်မဖြစ်သေးဘူး...အဲ့ ဒါကို Ming ဆိုတဲ့ ကောင်လေးက အခန်းကို ခနနေရင် ရောက်လာတော့မယ်...Yo အဖြစ် ဟန်ဆောင်ဖို့ လိုအပ်နေလေပြီ... ဘာမှ မပြောခင်.. မလုပ်ခင် Ming ဆိုတဲ့ ကောင်လေး ကို အရင် လေ့လာဖို့ လိုတယ်.. စိတ်အေးအေးထားစမ်း...Ai'oon...မင်းက ပထမနှစ်အယောက်တရာကျော်ကို တောင် ထိန်းနိုင်ခဲ့သေးတာပဲ ဒါက တယောက်ထဲပါ.. ဟု ကိုယ့်ဘာကို အားပေးနေရသည်။

ဒေါက်...ဒေါက်..ဒေါက် ဆိုသော အသံ အခန်းရှေ့မှ ထွက်လာလေတော့သည်။ တံခါးခေါက်သံနဲ့ အတူ "Ai'Yo...ငါရောက်နေပြီ...တံခါးဖွင့်အုံး...ငါ မင်းကို အတန်းတက်ဖို့ လာခေါ်တာလေ...တံခါးဖွင့်ကွ...တံခါးဖွင့်..." ဟူသော အသံကျယ်ကြီး ကိုလဲ ကြားနေရပြီး တံခါးကိုလဲ အဆက်မပြတ်ခေါက်နေလေသည်။

ကျွန်တော် ခုအချိန်မှာ ကျွန်တော့်ကိုယ် ကျွန်တော် ခေါက်သိမ်းပြီး အံဆွဲ ထဲပဲ ဖြစ်ဖြစ် ဝင်ပုန်းနေချင်သည်။ ဒါမှမဟုတ်လဲ ရူးတယ်ပဲ ပြောပြော ကိုယ်ပျောက်သွားဖို့ ဆုတောင်းချင်မိသည်။ အခုတော့ ကျွန်တော့်ရဲ့ လေးလံ နေတဲ့ ခြေထောက်တွေကို ဆွဲကာ တံခါးဖွင့်ဖို့ သွားနေရသည်။ တံခါးနားကို ရောက်တော့ တံခါးကို မဖွင့်ရသေးခင်မှာပဲ တံခါးက ပွင့်လာပြီး တံခါးက နှာခေါင်းကို ရိုက်မိသွားလေတော့သည်။

"Shitt....shit....ငါ့နှာခေါင်း... ဘလိုလုပ်လိုက်တာလဲ N' " ဟု ရေရွတ်လိုက်ရင်း နှာခေါင်းကို ဖိထားလိုက်မိသည်။ ထို့နောက် သွေးနံ့က နှာခေါင်းထဲဝင်လာတော့သည်။ ကျွန်တော့် နှာခေါင်းဆီမှ အနီရောင်အရည်တွေ စီးကျလာပြီး ထိုနေရာမှ သွေးနံ့ရနေသည်ကို သိလိုက်ရတော့သည်။

"sorry...ai'yo....ငါတောင်းပန်ပါတယ်ဟာ..." ဟုပြောရင်း Ming ဆိုသောကောင်လေးက ကျွန်တော့်နှာခေါင်းကို လာထိလေသည်။ "ငါကြည့်ပေးမယ် ပြစမ်း Yo" ဟု ပြောနေလေတော့သည်။ "No ငါ့နားကနေ ဝေးဝေးနေစမ်း....ငါ့ကို ထပ်ထိမှာကို မလိုချင်လို့ " ဟု ပြောပြီး ကျွန်တော် ထိုကောင်လေးနားကနေ နဲနဲ ခပ်ခွာခွာကို ရွှေ့လိုက်သည်။ "ဘာဖြစ်နေတာလဲ..မင်းက နှာခေါင်းနာလို့ ရူးသွားတာလား...ဒါမှမဟုတ် ညက စိတ်လှုပ်ရှားစရာလေးတွေက ခုချိန်ထိ ဖြစ်နေသေးလို့လား" ဟုပြောရင်း ပြုံးနေသော မေးနေသော Ming ကြောင့် ကျွန်တော် N'yo ကို သနားမိရသည်။ ဘလို သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားရတာလဲ ဟု။

"နေပါအုံး....မင်း တံခါးကို ဘလို ဖွင့် လို်က်တာလဲ...ငါ တံခါးကို Lock ချထားပါတယ်" ဟု ကျွန်တော် နှာခေါင်းကို tissues နဲ့ သုတ်နေရင်း မေးလိုက်သည်။ ထိုအခါ Ming က "မင်း တံခါးနဲ့ ရိုက်မိပြီး အတိတ်မေ့သွားတာလား... မင်းငါ့ကို သော့အပို ပေးထားတယ်လေ...အရေးပေါ်တခုခုဖြစ်ရင် ဝင်လို့ရအောင်...ဒါပေမဲ့ မင်းယောက်ကျား မင်းဆီလာတဲ့ အချိန်တော့ ငါ မဖွင့်ပါဘူး..." ဟုပြန်ပြောလာသည်။

"အာ..အာ....အေး..အေး... ငါသတိရပြီ " ဟု Ming ရဲ့ စူးစမ်းသလို ကြည့်နေတဲ့ အကြည့် တွေကို ရှောင်ရင်းပြောလိုက်ရသည်။ "ငါ့ကို tissue အစို လေး ယူပေးပါလား " ဟု ပြောရင်း သူ့အကြည့်တွေကို ရှောင်နေမိသည်။ Ming က Tissue ယူပြီး လက်ထဲ သို့ ရောက်သည်နှင့် ရေချိုးခန်းထဲသို့ ပြေးခြင်းဖြင့် သူ့အကြည့်ကို ရှောင်ရှားလိုက်မည်ဟု တွေးမိလိုက်သည်။ တော်လိုက်တဲ့ Arthit...ကောင်းလိုက်တဲ့ အကြံ ဟု တွေးရင်း ကိုယ့်ကိုကို ချီးကျူး လိုက်မိသည်။

သို့သော် လက်တွေ့မှာတော့ Ming က Tissue မပေးရသေးခင်ပဲ ကျွန်တော့်ကို ကြည့်ပြီး "ငါ့ကို ဘာလို့ N' လို့ ခေါ်လိုက်တာလဲ...ဘာလို့ ငါ့အကြည့်တွေကို ရှောင်လိုက်တာလဲ ai'yo " ဟု သူ့ရဲ့လက်မောင်းတွေနဲ့ ရင်ဘတ်ပေါ်သို့ ကာလိုက်ရင်း မေးလာတော့သည်။

2 heart, 2 life ( Out Of Action)Where stories live. Discover now