Unit 9

688 86 1
                                    

Ming'pov

ကျွန်တော်လဲ သူ့ကို စိန်ခေါ်ကာ "ခေါ်လိုက်လေ" ဟု ပြောလိုက်တော့သည်။

ထိုအခါ သူက ဖုန်းကို ထုတ်ကာ ဂဏန်းတခုကို နှိပ်ကာ ခေါ်နေလေတော့သည်။ သူ့ပါးစပ်ကလဲ "ကိုင်စမ်း....Yo...ကိုင်လိုက်စမ်းပါ" ဟု ရေရွတ်နေလေတော့သည်။ ကျွန်တော်လဲ သူ့ကို " ကဲ....." ဟု မျက်စပစ်ပြီး မေးလိုက်တော့ သူက "ခနနေပါအုံး...ဒီမှာ ခေါ်နေတယ်လေ" ပြန်ပြောလာသဖြင့် ကျွန်တော်လဲ " Yo....ငါ...P'pha ကို ခေါ်လိုက်ရမလား ဒါမှမဟုတ် ငါ မင်းကို စကားနဲနဲပြောလို့ရမလား" ဟု မေးလိုက်ရသည်။

"မရဘူး..... ငါ ဒီမှာ ကြိုးစားပြီး ခေါ်နေတယ်လေ.... ငါ Wayo မဟုတ်ဘူးဆိုတာ သက်သေပြဖို့ လုပ်နေတယ်လေ... ဘာတွေကို နားမလည်ဖြစ်နေရတာလဲ ဒါလေးတောင် မင်းနားမလည်နိုင်ဘူးလား...Nong" ဟု သူ့ဆီမှ ပြန်အော်ခြင်းကို ခံလိုက်ရတော့သည်။ (( နာတို့ ဒေါသအိုး ကို သွားဆွနေရတယ် လို့...Ming ရယ်))

"အာ.... အကုန်လုံးပဲ...Yo...အကုန်လုံး.....ဘသူက မင်းကို Wayo မဟုတ်ဘူးဆိုတာ ယုံမှာလဲ.... မင်းက တခြားတယောက်ပဲထား.. အဲ့လူက ငါတို့မှမသိတာ ... ဝိညာဉ်လဲတာ.... ခုခေတ်က တိုးတက်နေတဲ့ ခေတ်ကြီးလေ... စိတ်ကူး မယဉ်စမ်းပါနဲ့.... မင်း Comics ဖတ်တာကို ရပ်သင့်နေပြီ .... အပြင်လောက နဲ့ စိတ်ကူးယဉ်ကို ခွဲခြားနိုင်အောင် သူငယ်ချင်း အသစ်တွေ ထားသင့်နေပြီ" ဟု စိတ်ဆိုးမာန်ဆိုးနှင့်ပြန်ပြောလိုက်မိသည်။ ကျွန်တော် သူ့ကို ဘယိတုန်းကမှ စိတ်မဆိုးခဲ့ဖူးဘူး။ ခုဟာက တော်တော့်ကို ဆိုးရွားလွန်းနေ၍ ပြောရခြင်းသာ။ P'pha ကိုလဲ သူ့အလိုကို လို်က်ပြီး ကာတွန်းစာအုပ်တွေ ဝယ်ပေးခြင်းကို တားရပေအုံးမည်။ "အခု ငါ နေ့လည်စာဝယ်ပြီး မင်းပြောတာတွေ နားထောင်ပေးဖို့ တယောက်ယောက်ကို ခေါ်ပေးမယ်" ဟု ခြိမ်းခြောက်လိုက်သည်။

ကျွန်တော် က P'kit ဆီက တဆင့် P'pha ဆီကို သတင်းပို့မည်ကို ကြောက်လိုကြောက်ငြား ခြိမ်းခြောက်နေရခြင်းပါ။ "P'beam ဒါမှမဟုတ် P'Forth ဆိုရင်ရော.... မင်းရဲ့ angle hang တွေကိုဆိုလဲ ခေါ်ပေးမယ်လေ...." ဟု ပြောပြီး ကျွန်တော့ ဖုန်းကို ပြလိုက်သည်။ ထိုအခါမှ သူက ဖုန်းခေါ်နေခြင်းကို ရပ်လိုက်ပြီး ကျွန်တော့ ဘက် လှည့်လာ၍ ကျွန်တော့် အကြံအောင်ပြီ ဆိုပြီး ကြိတ်ပျော်နေမိသည်။ ထိုအပျော်များက ကြာကြာမခံပါ။

"မင်း P'Forth လို့ ပြောလိုက်တာလား....3rd Year အင်ဂျင်နီယာ ကလေ.... Moon အဟောင်း မလား..." ဟု ပြောလာသောကြောင့် ကျွန်တော့် အပျော်တွေ ပျက်သွားရပြီး " Yo" ဟု သာ အော်ယုံကလွဲပြီး မတတ်နိုင်တော့။ သူကတော့ ကျွန်တော် ဖြစ်နေသည်ကို ဂရုမစိုက်ဘဲ "သူ့ကို ခေါ်လိုက်.... ပြီးရင် P'arthit အကြောင်း ကို မေးလိုက်... သူ ငါ့ကို သိတယ်...." ဟု ပြောလာသော Yo ရဲ့ မျက်နှာတွင် ဆုံးဖြတ်ချက်ပြတ်သားပြီး သူ့ကိုယ်သူ ယုံကြည့်မှု တွေက အပြည့်နှင့်။

ထိုအမူအရာ မျိုးကို yo ဆီတွင် တွေ့ခဲ့ရသည့် နောက်ဆုံး အကြိမ်က P'pha နောက်ကို လိုက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေသောအခါက မြင်ခဲ့ရခြင်းဖြစ်သည်။ထို့ကြောင့် ကျွန်တော် p'Forth ကို Yo အတွက် ခေါ်ပေးရန် ဆုံးဖြတ်လိုက်သည်။

2 heart, 2 life ( Out Of Action)Where stories live. Discover now